28 Zawgyi

175 12 0
                                    

မောင့် Baekhyun က မိသားစုအတွက်တကယ့်ကို အလိမ္မာ​လေးဖြစ်သည် . စိတ်ပူ​နေမှာကို ခံစား​နေရ၍လား မနက်အ​စောပိုင်းခွဲစိတ်ပြီးတဲ့ လူနာ​လေးက ည​ပိုင်းမှာ သတိရလာခဲ့သည် . အနားမှာ​တော့ Chanyeol ကသာတစ်ချိန်လုံးရှိ​နေ​ပေးခဲ့ပြီး . ​သတိရပြီဆိုတာကို သိရမှ Jaemi က​ရောက်လာခဲ့သည်.

" Chanyeol က​တော့ အနားကကို မခွာဘူးကွာ "

Jaemi က Duty Coat အဖြူ​ရောင်ထဲ ဟန်အပြည့်နဲ့ လက်ထည့်ကာ Baekhyun ကုတင်​ဘေးရပ်ရင်း ​ပြောလာသည် .Baekhyun က​တော့ Chanyeol ဆီအကြည့်ပို့လိုက် Jaemi ဆီ အကြည့်ပို့ရုံသာ လုပ်နိုင်​သေးသည် .

" အ​မေနဲ့ Hyung လည်းနားဖြစ်သွား​အောင်ပါ ​နောက်ပြီး Baekhyun သတိရလာမှပဲ စိတ်ချနိုင်မှာမို့ "

Chanyeol က Baekhyun လက်​လေး​တွေကို အသာကိုင်ရင်း ပြန်​ဖြေလိုက်သည် .

" အင်း ​နေလို့လည်း အဆင်​ပြေလို့​တော်​သေးတယ် တစ်ခုခုဆို Hyung ကို လှမ်း​ခေါ်လိုက်​နော် Chanyeol , Baekhyun ကလည်း ​နေလို့နည်းနည်းအဆင်မ​ပြေတာနဲ့​ပြော​နော် ဒီရက်ပိုင်း​တော့ အ​စားထိုးခြင်းကို အနေတကျဖြစ်သွား​အောင် ​ဆေး​တွေ​တော့နည်းနည်းဆက်စားရဦးမယ် အခု​တော့အ​ကောင်းဆုံးက နား​နေဖို့ပဲ "

Baekhyun လည်း ​ခေါင်းသာ အသာငြိမ့်ပြလိုက်​တော့သည် . ​ပြောချင်တာမှာချင်တာ​တွေကို ​ပြောခဲ့ပြီးမှ Jaemi က အခန်းထဲက ထွက်သွားသည် . အခုက Chanyeol နဲ့ Baekhyun နှစ်ဦးတည်းသာ .

အချိန်တစ်ခုထိ မျက်ဝန်းလေး​မှေးလို့ အနားယူ​နေတဲ့ Baekhyun က ​နောက်​တစ်​နေ့ကူးလူး ကူးချိန်မှ

" Happy Birthday ​မောင် "

Chanyeol ပင် အံ့သြသွားရသည် . ဒီရက်ပိုင်းဖြစ်ပျက်သွားတဲ့ ကိစ္စ​တွေ​ကြောင့် သူ​တောင်​မေ့​နေခဲ့တဲ့ သူ့​မွေး​နေ့ကို ​နေမ​ကောင်းရတဲ့ထဲ Baekhyun က သတိတရ ရှိ​နေ​ပေးသည်တဲ့လား . Chanyeol ကြည်ကြည်နူးနူးပြုံးပြလိုက်ရင်း ထိုင်​နေရာက ထကာ ကိုယ်ကို ကိုင်းလို့ Baekhyun နှဖူး​လေးကို အသာနမ်းမိသည် . ​ကုတင်​ပေါ်က ​မောင့်သည်းငယ်လေးက​တော့ အ​ပေါ်​အောက် မျက်ခွံလေးနှစ်ခုကို ထိကပ်ရင်း ပြုံးလို့ .

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now