- မောင်
-မောင်ရေ ညနေ အပြန်ကို မောင့်ဆီဝင်လာခဲ့မယ်
-မောင်...အတူတူပြန်ကြမယ်နော် ငါ့ကိုစောင့်နေပေးဦးBreak-time ရချိန်လေးမို့ Baekhyun တစ်ယောက် Chanyeol ဆီ စာတွေဆက်တိုက်ကိုပို့နေတော့သည် . ကိုယ်ပိုင်တိကုဆေးခန်းလေးဖွင့်ထားပေမယ့်လည်း အလုပ်က အလုပ်မို့ အားရတယ်ကိုမရှိ...
မကြာခဏဆိုလို အကြောင်းအမျိုးမျိုးနဲ့ ထိခိုက်ဒဏ်ရာရလာတဲ့ တိရိစ္ဆာန်လေးတွေကို ကုသပေးရတာနဲ့တင်ကို Baekhyun အတွက် ကြည်နူးစရာ . Minhyun ကတော့ ကျန်းမာရေးမကောင်းတဲ့ ညီဖြစ်သူကို စိတ်ပူတာကြောင့် ဒီအလုပ်ကိုဘာလို့ခွင့်ပြုမိပါလိမ့်လို့ ခဏခဏပြောရှာသည် . အမှန်တော့လည်း အခုဆို Baekhyun က ကျန်းမာတဲ့သူတစ်ယောက်ဖြစ်နေပြီပဲ . မောင်နဲ့ Hyung တို့ကိုက စိတ်ပူလွန်းတာပါ .
" Dr. က ခွဲခန်းဝင်သွားတာပါ . ကြာဦးမယ်ထင်တယ် အခုက နည်းနည်း အရေးပေါ်လူနာမို့ပါ "
" အာ...ရတယ် ရတယ် ကျွန်တော်စောင့်နေလိုက်မယ် "
" ဒီမှာပဲစောင့်နေမလားဟင် Dr. အခန်းထဲ သွားစောသ့်နေမလားဟင် Dr. အမျိုးသားဆိုတော့လေ "
" ရပါတယ် ဒီမှာပဲစောင့်နေလိုက်မယ်လေ ရတယ်မဟုတ်လား "
" ဟုတ် ရပါတယ် "
ဆေးရုံကို လာခေါ်မှသိလိုက်ရတာက နေ့လည် Baekhyun စာပို့ကတည်းက စာတွေတောင် ကြည့်ရသေးပုံမပေါ် . ခွဲခန်းကို မောင်ကခေါင်းဆောင်ပြီးဝင်ပေးနေရတာတဲ့လေ . ထိုင်စောင့်နေဖို့ပဲရှိတော့တာမို့ စောင့်နေဖို့သာ ပြင်လိုက်တော့သည် .
တော်သေးတာက သိပ်ကြာကြာ မစောင့်လိုက်ရပါပဲ မောင့်အလုပ်က အဆင်ပြေပြေပြီးသွားလို့ .
" မောင်! "
Baekhyun ခေါ်မှပဲ Baekhyun ရောက်နေတာကို သိပုံရသော Chanyeol . အလုပ်ကအချိန်အားဖြင့်တောင် ညနေဘက်ရောက်နေပြီဖြစ်လေတော့ ပင်ပန်းသွားရပြီ . သို့သော်လည်း Baekhyun ကို မြင်လိုက်တာနဲ့ အံ့သြနေသော မျက်ဝန်းတွေနဲ့အတူ ချက်ချင်းကို ပြုံးသွားတော့သည် .
YOU ARE READING
AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}
Fiksi Penggemar《 Unicode + Zawgyi 》 " Baekhyun က မောင့်ရဲ့ ပြည့်စုံခြင်းပဲ , မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝလေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်လေး " " ကြယ်တွေကြွေမှ ငါ့ဆုတောင်းတွေပြည့်မယ်ဆို ငါဆုမတောင်းဘူး မောင် , အဲ့လိုပဲ မောင်တစ်ခုခုထိခိုက်သွားမှ ငါအ...