ဒီနေ့လည်း Baekhyun လာလာ မလာလာ သူသွားနေကြမို့ သွားမယ်ဆိုပြီး ထွက်လာခဲ့ရာက ဘတ်စကပ်ဘောကစားရုံထဲ Chanyeol ငူငူငိုင်ငိုင်နဲ့ တစ်ယောက်ထဲရှိနေရင်းက ခြင်းထဲကိုခုန်ပစ်သွင်းလိုက် ပြန်ကျလာတဲ့ ဘတ်စကပ်ဘောလုံးကို ပြန်ကောက်လိုက် ပစ်သွင်းလိုက်လုပ်နေမိသည်
ပစ်လိုက်ကောက်လိုက် အလုပ်ရှုပ်နေရင်း အဲ့တစ်ခေါက်ဘောလုံးကောက်ရမယ့်အလှည့်မှာ မကောက်မပဲ နေနေမိသည် တစ်ယောက်ယောက်ကြောင့် ထံပြန်လိမ့်လာတဲ့ ဘတ်စကပ်ဘောကိုကြည့်ရင်းကနေပဲ သူ့နောက်မှာ လူရှိမှန်းသတိထားမိပြီး လှည့်မိသည်
Baekhyun? ဒါတကယ်ပဲ Baekhyun လား
Chanyeol တွေးနေရင်း ဘောလုံးကိုလည်းပြန်ကောက်လိုက်သည် ထို့နောက် အကြည့်တွေက Baekhyun ဆီတစ်ဖန်
" မမောသေးဘူးလား "
" မမောပါဘူး စိတ်ပြေလိုက်ပျောက်ဆိုတော့ အားလည်း သိပ်မထည့်ဖြစ်ဘူး "
" အော် "
" Baekhyun က ဒီကိုပဲလာတာလား "
Chanyeol မေးမိတော့ သူ့ကိုမကြည့်ပဲ ဘတ်စကပ်ဘောလုံးခြင်းကိုသာ တွေတွေလေးငေးနေသော ဘတ်ခွန်းကြောင့် သူလည်း ငြိမ်နေရာကနေ Baekhyun ကိုငေးမိနေတယ်
တစ်ခဏ အသံတွေတိတ်သွားပြီးမှ Baekhyun က Chanyeol မျက်ဝန်းတွေကိုကြည့်လာရင်း ကဆိုလာတယ်
" ဘတ်စကပ်ဘော ကစားချင်တာ......ငယ်ငယ်ထဲကလေ ဘောလုံးလဲ ကန်လို့မရခဲ့ဘူး ဘတ်စကပ်ဘောလဲ မကစားရဘူး.......ငါ...ငါ စက်ဘီးတောင်စီးခွင့်မရဘူး "
Baekhyun က စကားမပြောရင်လည်း သူမနေတတ်ပါ , Baekhyun စကားပြောရင် သူပို၍ ပို၍ မနေတတ်တော့ပါ အခုလည်း သူဘာပြန်ပြောပေးရမယ်မှန်းတွေးမရဘူး ဖြစ်နေရပြန်သည်
" Chanyeol...."
" အင်း "
" ခင်များက တော်လိုက်တာ "
"......"
" ဘတ်စကပ်ဘောလည်း ကစားနိုင်တယ် , ကျောင်းစာမှာလဲ roll က 1 ဆိုတာကြီးပဲ , နောက်ပြီး ...."
YOU ARE READING
AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}
Fanfiction《 Unicode + Zawgyi 》 " Baekhyun က မောင့်ရဲ့ ပြည့်စုံခြင်းပဲ , မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝလေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်လေး " " ကြယ်တွေကြွေမှ ငါ့ဆုတောင်းတွေပြည့်မယ်ဆို ငါဆုမတောင်းဘူး မောင် , အဲ့လိုပဲ မောင်တစ်ခုခုထိခိုက်သွားမှ ငါအ...