21 !!! Unicode

1K 115 4
                                    

အခန်းထဲ ပြန်​​ရောက်တဲ့ထိ Baekhyun က Chanyeol ကိုအဖက်မလုပ်​​သေးပေ . ဒီလို ​ပေကပ်ကပ်ဖြစ်​နေ​သော Baekhyun ပုံစံက သာမာန်ထက်ပိုပြီး ချစ်ဖို့​ကောင်း​နေတယ်လို့လည်း ​တွေးမိ​သေးသည် .

" ​မောင့် Baekhyun ​လေး "

Baekhyun ထိုင်​နေတဲ့ ကုတင်​ဘေးမှာ ဝင်ထိုင်ရင်း ​ခေါ်လိုက်​တော့ တစ်ချက်လှည့်ကြည့်လာရုံသာ .

" စိတ်မဆိုးနဲ့​တော့​လေ စိတ်​ကောက်​နေတာက တအားချစ်ဖို့​ကောင်း​နေလို့ ဘယ်လိုလုပ်ရပါ့ "

​ပြောရင်း Baekhyun ပါးကို တစ်ခါထက်နမ်းလိုက်ပြန်​သော Chanyeol ​ကြောင့် ရှက်တာထက်ကိုပိုပြီး ရဲ​နေ​သော Baekhyun မျက်နှာ​လေး .

" ​မောင့်ရဲ့ သည်းခံနိုင်စွမ်းကို စူ​ထော်​နေတဲ့ နှုတ်ခမ်းပိစိ​လေးနဲ့ စွ ​နေ​တော့တာပဲ "

" ဘာ...အွန့်! "

Chanyeol ကို ရန်ပြန်​တွေ့ဖို့ လှည့်လိုက်​ပေမယ့် Chanyeol က ဖိကပ်နမ်းလိုက်တာကြောင့် စကားပင်ဆုံး​အောင်​ပြောခွင့် Baekhyun မှာ မရှိ . အမှန်​​တော့ ဟိုတစ်ခါ Baekhyun နဲ့ နမ်ပြီးကတည်းက ထပ်ခါထပ်ခါနမ်းချင်​နေ​တော့တာဖြစ်သည် . မနမ်းရက်လို့သာ ပါး​လေး နှဖူး​လေးကို ထိလိုက် ဖိလိုက် နမ်း​နေခဲ့​သော်လည်း အခုလို စိတ်​ဆိုး​တုန်း စူထွက်​နေတဲ့ ဒီနှုတ်ခမ်းပါးပါး​တွေကို​တော့ Chanyeol သည်းမခံနိုင်​တော့ပါ .

" လွှတ် ... ​ပေး...အင့် "

Baekhyun စိတ်ဆိုး​နေတုန်း​လေ ဒီလိုနမ်းတာကို​တော့ ရုန်းမယ်ဆိုတာ Chanyeol သိ​ပေမယ့် လွှတ်​ပေးဖို့​တော့ အစီစဥ်မရှိ . ကျန်တာကို ဦးတည်​​ခြင်းမရှိတဲ့ အနမ်းသက်သက်ကိုသာ Chanyeol က ဖန်တီးယူမှာလို့ ​ပြောရင် ယုံလိုက်ပါ .

Baekhyun ကလွှတ်ဆို​တော့ နှုတ်ခမ်း​တွေကို လွှတ်​ပေးလိုက်ရင်းက​နေ ​ယောက်ျား​​လေးတစ်​ယောက်ရဲ့အသွင်ထက်ပိုလှတဲ့ ​Baekhyun ရဲ့ လည်တိုင်နုနုဆီသို့ အနမ်း​တွေကို ကူး​ပြောင်းသွားလိုက်သည် . Chanyeol က Baekhyun ​ခေါင်း​လေး ခါး​လေးကိုပါထိန်းကိုင်​ပေးထားရင်း အနမ်း​တွေကို ဆက်​နေ​ပေမယ့် Baekhyun က ​ခေါင်း​လေးကို​မော့ထား​ပေမယ့် လက်​တွေက​တော့ တွန်းထုတ်​နေတုန်း .

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now