" ဟုတ်ပါပြီ ပါပါးကလည်း သတိရပါတယ် "" နောက်တော့အတူတူသွားရမှာပေါ့ အခုလည်း ပါပါးတို့နဲ့မလိုက်ရပေမယ့် ဖေဖေမေမေတို့နဲ့ သွားရတာကို "
" ဆမ်းချွန်းကို စိတ်မဆိုးပါနဲ့ Ranri လ္ကေပဲနားလည်ပေးလိုက်တော့ လိမ္မာတယ်မဟုတ်လား"
" ဟုတ်ပြီ ဒါဆို Happy Merry Christmas ပါ ပါပါး ကလေးလေးရေ "
တူမ ဖြစ်သူနဲ့ စကားပြောလို့မပြီးနိုင်တော့သော Baekhyun ကို ကြည့်ရင်း Chanyeol မျက်မှောင်ကို တဆုံးထိ ကုတ်ထားမိတော့သည် . ဟိုကလည်းပိုကိုပိုလွန်းသလို ဒီလူကလည်း ပိုသမျှကို လက်ခံနေတာကို .
" စူပုတ်မနေနဲ့တော့ မောင် , ကလေးကို အတင်းထားခဲ့ခိုင်းတယ် လိုက်ချင်နေတာကို အခုတော့ သူ့မှာစိတ်မကောင်းဖြစ်ကျန်နေရပြီ "
" ကလေးကလေးနဲ့နော် ဟိုက အပျိုကြီးဖြစ်တော့မယ် "
" မောင်! ဘယ်လိုပြောလိုက်တာလဲ အခု ကိုယ့်တူမနဲ့ပါ လာပြီး အူတိုနေတာလား ၉ နှစ်သာသာဆိုတဲ့ အသက်က ကလေးပဲရှိသေးတာလေ မောင် "
" အဲ့တာဆိုလည်းထား ပါပါးမခေါ်ခိုင်းပါနဲ့တော့ရော ခေါ်ခိုင်းတာအခုထိကိုပဲ , သွားသမျှနေရာ သူအကနု်ပါတယ် အခုတစ်ခါလေးထားခဲ့တာကို မောင့်ကိုမကြည်မကြည့်ဖြစ်နေတာကရော "
" ငါမောင့်ကို မကြည်မကြည်မလုပ်မိပါဘူးနော် မောင့်ဘာသာထင်နေတာ "
" ထင်နေတာမဟုတ်ဘူး တကယ် တကယ် , မနေ့ညဟိုတယ်ရောက်ကတည်းက အသည်းနား မောင့်ကို ကပ်ခွင့်ကိုမပေးတာ "
Baekhyun တစ်ယောက် ဒီကလေးနဲ့ အပြိုင်ရန်ဖြစ်တတ်တဲ့ အထူးကုဒေါက်တာကြီးကို မငြိုငြင်ရက်နိုင်ပါ သို့သော်လည်း သူကကြီး စိတ်ကောက်နေတာ စိတ်ထဲအတော်သည်းခံနေနေရပြီ .
Christmas နားရက်အတွက် ခရီးသွားဖို့ပြင်လိုက်ပြီးမှ တောင်တက်ချင်တယ်လို့ပြောပါများလွန်းတဲ့ ကိုယ့်ကို ဒီတစ်ခါတော့ လိုက်ပို့ပေးမယ်ပြောလာတော့ တကယ်ပျော်သွားခဲ့တာပါ . သူကိုယ်တိုင်ကလည်း ဆရာဝန်ဆိုတော့ ကိုယ့်အခြေအနေက တောင်တက်ဖို့အဆင်ပြေမပြေသူအသိဆုံးဖြစ်မှာပဲလေ ကိုယ်ကလည်း ကျန်းမာနေတာမှ လွန်ရော မဟုတ်လား . အဲ့တော့ သွားချင်လားမေးတော့ သွားမယ်ပေါ့ Baekhyun တို့ ငြင်းမလား
YOU ARE READING
AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}
Fanfiction《 Unicode + Zawgyi 》 " Baekhyun က မောင့်ရဲ့ ပြည့်စုံခြင်းပဲ , မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝလေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်လေး " " ကြယ်တွေကြွေမှ ငါ့ဆုတောင်းတွေပြည့်မယ်ဆို ငါဆုမတောင်းဘူး မောင် , အဲ့လိုပဲ မောင်တစ်ခုခုထိခိုက်သွားမှ ငါအ...