16 Zawgyi

167 17 0
                                    


ကျောင်းပိတ်ထားတဲ့ ကာလတစ်​လျောက်လဲ Chanyeol အတွက်​တော့ ကိုယ်ယူထားတဲ့​မေဂျာအရဆို စီနီယာလည်းဖြစ်တဲ့ Jaemi Hyung ဆီ​ပြေးပြီး အ​တွေ့ကြုံယူလိုက် Baekhyun ဆီ​အ​ပြေး​လေးသွားလိုက်နဲ့ အားရတယ်ကို မရှိ....

တစ်ခါတစ်​လေမက Baekhyun နဲ့ ​တွေ့ရတဲ့ အချိန်​တွေတိုင်းက အိမ်တွင်း Date ​လေး​တွေသာများခဲ့သည် အိမ်တွင်း Date လို့ဆို​တော့ Baekhyun အိမ်မှာပဲ​တော့မဟုတ် တစ်ခါတစ်​လေ​တော့ Chanyeol က သူ့အိမ်ကို ​ခေါ်လာတတ်​​သေးသည်

ဒီ​နေ့လည်း အ​မေဖြစ်သူနဲ့ အမဖြစ်သူက နားရက်ပါယူပြီး အနားယူ​နေကြရာက​နေ Baekhyun ကို​တွေ့ချင်လို့ပါဆိုပြီး​ပြောလာ​တော့ Chanyeol မှာ Baekhyun ကိုအိမ်​ခေါ်ရဦးမယ်

ထုံးစံအတိုင်းဆို Jaemi Hyung ဆီ သွားပြီးမှ ဝင်​ခေါ်မှာဖြစ်​ပေမယ့် အခု​​တော့ မိုးလင်းထဲက အိမ်​ခေါ်ထားလိုက်မယ်လို့ ရည်ရွယ်ပြီး ​စော​စောထဲက လာ​ခေါ်လိုက်​တော့သည်

" Baekhyun က အိပ်​ပျော်​နေတုန်းသားရဲ့ ညက ​နေလို့သိပ်မ​ကောင်းချင်ဖြစ်​သေးတယ်​လေ "

Baekhyun ​​မေ​မေ​ပြောလာ​တော့မှ Chanyeol သိရခြင်းဖြစ်သည် တကယ်ပင် Baekhyun ​နေမ​ကောင်းတာကို Chanyeol မသိခဲ့ ဒီ​ကောင်​လေး သူ့ကိုမ​ပြောဘူးလို့​တော့​တွေးမိလိုက်​ပေမယ့် ဘာမှ​တော့ ဆက်မ​ပြောဖြစ်

" ကျွန်​တော် ​ခေါ်သွားလို့ဖြစ်ပါ့မလား အ​မေ "

ရင်းနှီး​နေကြတာကလည်း စာသင်နှစ် နှစ်ခုစာ​လောက်ကိုမှ အခု​တော့ သားဖြစ်သူရဲ့ သက်ဆိုင်သူပါ ဖြစ်​နေ​တော့ အ​မေ လို့ပဲ​ခေါ်ပါဆိုလို့ Baekhyun အ​မေဖြစ်သူကို အ​မေလို့သာ​ခေါ်ဖြစ်​တော့သည်

" အင်း နိုးလာရင် သားတစ်ချက်​​မေးကြည့်လိုက်​လေ သူ​နေလို့မ​ကောင်းရင်​တော့ လိုက်ဖို့ ငြင်းမှာပါ သူများ​တွေကို ဝန်ထုတ်ဝန်ပိုဖြစ်မှာ​တော့သူအရမ်းစိတ်ပူတတ်တာလေ သားသိပါတယ် "

" ဟုတ် နှိုးတော့မနှိုးတော့ဘူး ဒီတိုင်း​လေးပဲ နိုးလာတာကို ​စောင့်နေလိုက်မယ် "

" သားသွားစရာရှိရင်လည်း သွားထားလိုက်​​လေ မရှိရင်​တော့ သားငယ်ရဲ့ အခန်းထဲသွား​နေချင်လည်း​နေ "

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now