" Morning Mom , Morneee Noona "
" Morning "
ဒါက Chanyeol ရဲ့ မနက်ခင်းပိုင်း မိသားစုနဲ့ တစ်ဖြတ်ရှိရတဲ့ အချိန်တွေပေါ့ အခုလည်း အမဖြစ်သူ မိန်းမလှလေး Park Yoora က Breakfast ပြင်ပေးနေသည်ကို အမေက ကူပေးနေချိန် အိပ်ယာထနောက်ကျတဲ့ အိမ်ရဲ့ အငယ်ဆုံး Chanyeol က အဆင်သင့်ထိုင်စားချိန်ပေါ့
" မေဂျာတွေ ခွဲတဲ့အခါ ဘာယူမယ်တွေးထားလဲ မောင်လေး "
Breakfast ဝိုင်းထဲ စကားစလာသူအမဖြစ်သူကို ကော်ဖီသောက်နေရင်းနဲ့မှ Chanyeol လှမ်းကြည့်မိသည်
" ဟုတ်သားပဲ သား ဘာယူမယ်တွေးထားလဲ သားသဘောနော် မေမေကတော့ တားမှာ ဟင် ဟာလုပ်တာမျိုးမရှိဘူး မင်းအမနဲ့သာ ညှိရမှာ "
အမေဖြစ်သူက သူ့အမဘက်ကို မျက်စ ပစ်ပြရင်း Chanyeol ကို ပြောလာတော့ Chanyeol မေမေ့ကို ပြုံးပြမိသည်
" သား နှလုံး အထူးကု ယူဖို့တွေးထားတယ် "
" အထွေထွေကို မတွေးမိဘူးပေါ့ Chanyeol "
အမဖြစ်သူက သူနဲ့ မတူတော့လို့ သူ့မောင်ကို စိတ်စိုးဟန်နဲ့ လှမ်းစသည်
" အာ ကျွန်တော်တွေးမိပါသေးတယ် ဒါပေမယ့် နှလုံးဘက်ကို ပိုစိတ်ဝင်စားလာလို့ မမ "
" အင်း သဘောပါ မမက စတာ , ဘာလုပ်လုပ်သေချာလုပ်တတ်တဲ့ ငါ့မောင်ကို စိတ်ချပြီးသားပါ "
" ဟီးးး ကျေးဇူးပဲမမ ခွင့်ပြုတယ်ဆို ဒါပဲဆုံးဖြတ်လိုက်ပြီ "
" မေဂျာလေး မေးမိတာ ဒီလောက်ပျော်စရာလိုလို့လားဟယ် ပျော်နေနင် နောက်နှစ်တွေ စာပိုကျက်ရမှာ
အဲ့တော့မှ ကောင်မလေးကိုအချိန်မပေးနိုင်ဘူးတွေ ကောင်မလေးလိုချင်တာတောင်အချိန်မရှိဘူးတွေနဲ့ လူပျိုကြီးဖြစ်မယ် နင် "အမကလည်း Chanyeol ကို တွေ့တာနဲ့ စချင် , Chanyeol ကလည်း အငယ်ဆိုပြီးလည်း ငြိမ်မခံပဲ ပြန်စ ပြန်ပြောနဲ့ ဒီမိသားစုက ပျော်စရာရယ်ပါ
" ဖြစ်စရာအကြောင်းကိုမရှိတာနော် မမ , မမသာ အပျိုကြီးမဖြစ်စေနဲ့ "
YOU ARE READING
AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}
Fanfiction《 Unicode + Zawgyi 》 " Baekhyun က မောင့်ရဲ့ ပြည့်စုံခြင်းပဲ , မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝလေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်လေး " " ကြယ်တွေကြွေမှ ငါ့ဆုတောင်းတွေပြည့်မယ်ဆို ငါဆုမတောင်းဘူး မောင် , အဲ့လိုပဲ မောင်တစ်ခုခုထိခိုက်သွားမှ ငါအ...