လက်ရှိအချိန်တွေမှာတော့ 4th year နှလုံးအထူးပြုဌာနက ကောင်လေးနဲ့ သူ့ထက် တစ်နှစ်ကြီးတဲ့ တိကုဆရာဝန်လေးတို့ရဲ့ အခြေနေက အရင်ကနဲ့ မထူးခြားနားပါ...မထူးခြားဘူးဟုဆိုရသော်လည်း ဒါဟာ သူတို့နှစ်ယောက်ကြား၌သာဖြစ်သည် အပြင်လူတွေအတွက်တော့ တစ်ချို့က တွဲနေကြပြီလို့တစ်ဖုံ တစ်ချို့မလိုက်ဘူး မတွဲလောက်ဘူးဆိုသည်တွေက တစ်ဖန်ပေါ့
တစ်ခါတစ်လေ Chanyeol လာခေါ်တာနဲ့ အတူတူပြန်လေ့ရှိတာကို တွေ့ရပြီး တစ်ခါတစ်လေတော့ Jaemi Hyung လာကြိုတာမျိုးမို့ Jaemi နဲ့လည်း မကြာခဏတွဲ၍ တွေ့ရတတ်သော Baekhyun ရယ်ပါ
Baekhyun အတွက်တော့ Chanyeol က ဘယ်လိုလူလဲဆိုတာ သူ့ကိုယ်သူသိသည် သို့သော် Chanyeol ဘက်ကိုတွေးမိတော့ စာသာတော်တာ ရည်းစားကိစ္စတွင်တော့ ကြောင်တောင်တောင်နိုင်တယ်လို့ တစ်ခါတစ်လေ တွေးမိသေးသည်
တစ်ခါတစ်လေ Chanyeol အပေါ်စိတ်ဆိုးစိတ်ကောက်လိုက်ချင်သည် တစ်ခါတစ်လေတော့ ကိုယ်ကအကြီးဆိုတဲ့အသိကြောင့် အော်ဟစ်လိုက်ချင်ပြန်သည် Baekhyun အတွက်တော့ Chanyeol နဲ့ ပတ်သတ်မိသမျှက စိတ်အခြေနေကို ပြောင်းဆန်နေစေသည်
အခုလည်း ကျောင်းပိတ်ရက်မို့ လေကောင်းလေသန့်ရအောင်ဟုဆိုပြီး အပြင်ကိုခေါ်ထုတ်လာသော Chanyeol ကြောင့် မြင်ကွင်းကောင်းသော်လည်း အနည်းငယ် လူများတယ်လို့ထင်ရတဲ့ ဆိုင်မှာထိုင်နေကြခြင်းဖြစ်သည်
အိမ်ကို သူကိုယ်တိုင်ပဲ လာခေါ်၍ သူကိုယ်တိုင်ပဲခွင့်တောင်းသောကြောင့် Hyung က ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည် နောက်ပြီး Chanyeol က ကျောင်းမှာဆိုလည်း Major ကို သေချာလေးသင်နေရပြီမဟုတ်လား နှလုံးရောဂါရှိတဲ့ သူတစ်ယောက်အတွက် ဘာတွေကောင်းတယ် ဘာတွေဆိုးတယ်ဆိုတာမျိုးတွေသူသေချာပေါက် သိနေတာပေါ့
အိမ်ကထွက်ထွက်ခြင်း Hyung ပြောတာကို ကြားလိုက်ပါသေးသည်
" ကျန်းမာရေးလေး နည်းနည်းကောင်းတာနဲ့ Date ချင်နေပြီ " တဲ့လေ
▪︎▪︎▪︎▪︎
ဆိုင်ကိုရောက်ကတည်းက ရှေ့တည့်တည့်က ထိုင်ကြည့်နေသော Chanyeol ကြောင့် ကြာတော့ Baekhyun နေရခက်လာသည်

YOU ARE READING
AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}
أدب الهواة《 Unicode + Zawgyi 》 " Baekhyun က မောင့်ရဲ့ ပြည့်စုံခြင်းပဲ , မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝလေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်လေး " " ကြယ်တွေကြွေမှ ငါ့ဆုတောင်းတွေပြည့်မယ်ဆို ငါဆုမတောင်းဘူး မောင် , အဲ့လိုပဲ မောင်တစ်ခုခုထိခိုက်သွားမှ ငါအ...