3 Unicode

1.4K 174 2
                                    

Baekhyun အိမ်ကို လိုက်ပို့​ပေးပြီးတဲ့​ ​​​နေ့ကတည်း​နေဆို အခုက ၃ ရက်​မြောက်​နေ့ဖြစ်​နေပြီ ဒါ​ပေမယ့် Baekhyun အရိပ်အ​ရောင်ကို ​ကျောင်းဝန်းထဲမှာ Chanyeol မ​တွေ့မိ ပုံမှန်ရက်​တွေမှာ ကန်တင်းသွားချိန် အခန်းထဲကကိစ္စတစ်ခုခု​​ကြောင့် အပြင်ထွက်လာချိန်​တွေတိုင်း Baekhyun တို့အခန်းကိုလှမ်းကြည့်မိတိုင်း တစ်ခါမက သူနဲ့ အကြည့်ချင်းဆုံမိ​လေ့ရှိ​တော့ Baekhyun မရှိတဲ့ ဒီလို​နေ့​တွေဟာ ​ကျောင်းတတ်ရတဲ့ အဖို့ သိပ်ကို ထူးထူးခြားခြား ​စောင့်ကြည့်​နေတဲ့ သူမရှိ၍လား Chanyeol အတွက်ပျင်းစရာ​ကောင်းသည်

" Chanyeol ရယ် မင်းနဲ့လည်း အဲ့​လောက်ပဲ ​​ငေးပါ မနက်ကပဲ စီနီယာက သူမလာတာ ၃ ရက်​လောက်ရှိပြီလို့​ပြောတယ်မလား မလာပါဘူးဆို ​မျှော်​နေတာ မပြီးနိုင်ဘူး "

Kai က​ပြော​တော့ Sehun ကပါ​ထောက်ခံသည့်အ​နေနဲ့ ကန်တင်းက စကားဝိုင်းထဲဝင်လာသည်

" ​အေး​လေ ပြီး​တော့ ​နောက်ဆုံးတွေ့လိုက်တာ မင်းနဲ့အတူ မင်းကား​ပေါ်တက်သွားတယ်ဆိုတာကလည််းကျောင်းမှာ ပြသနာတစ်ဖုံ အတင်းတစ်ဖုံ ပွ​နေ​ရော "

" မပတ်သက်နဲ့လို့​ကြို​ပြောမိကာမှ ပိုဆိုးနေပြီ ငါတို့ပဲမှားပါတယ်ကွာ "

" မင်းတို့မမှားပါဘူး ငါသွားပတ်သတ်မိလို့ သူ့မှာ မ​ကောင်းတဲ့ သတင်း​တွေပိုတိုးလာရတာ​ "

Chanyeol က​ပြော​တော့ Sekai နှစ်​ယောက်က စိတ်ပျက်သလိုနဲ့ တစ်ချက်ကြည့်သည်

" မင်းအတွက်​​ရော ဘာ​ကောင်းလို့လဲကွာ မင်းအပြစ်မှမဟုတ်တာ မင်းဘာမှမလုပ်ထားရင် ဂရုစိုက်စရာမလိုပါဘူး "

" အဲ့တာ​ပဲ​လေ ဘာမှမလုပ်ထားရင် ဂရုစိုက်စရာမလိုဘူးလို့မင်းတို့ပဲ​ပြောတာ​လေ အခုလည်း သူ​နေမ​ကောင်းလို့ ငါပြန်ပို့​ပေးမိတာကို သူ့ကိုပဲ အပြစ်​ပြော​နေကြတာ သူနဲ့ပတ်သတ်မိလို့ ​ငါကပဲ​သေသွားကြ​နေတာပဲ ​သေသွားတယ်ဆိုတဲ့ လူက​ရော သူ့​ကြောင့်ပါလို့ ဘယ်လို​ပြော​နိုင်ကြတာလဲ ကိစ္စ​တွေကို ​သေချာမသိပဲ​ပြောတဲ့သူ​တွေက​ပြော ယုံတဲ့ သူ​တွေကယုံနဲ့ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတယ် "

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now