Chapter 13 ( စိတ်မဆိုးကြေးကွာ) Z/U

1.7K 240 24
                                    

Zawgyi

"မင်းဒီကို ဘာလာလုပ်တာလဲ?"

ဒရေကိုရဲ့ စိမ်းကားတဲ့အကြည့်နဲ့ အပြောက ဟယ်ရီနှလုံးသားကို တဆစ်ဆစ်နာကျင်စေသည်...ဘေးနားက စလေသရင်းများကတော့ ဘာအသံမှမထွက်ဘဲ ဟယ်ရီနဲ့ ဒရေကိုတို့ရဲ့ အချစ်စမ်းပွဲကို ကြည့်နေကြတယ်...

"ငါ..."

ဟယ်ရီပြောမယ့်စကားတွေ ရပ်တန့်သွားသည် ...
သူ့ကို စိတ်ပူလွန်းလို့ ဂရင်းဖင်းဒေါအဆောင်ကနေ ကွစ်ဒစ်ကွင်းကြီးတစ်ခုလုံးခြားထားတဲ့ ကျောင်းဆေးခန်းကို ပြေးလာခဲ့ရတာ...ဒီရောက်တော့ ဒင်းက အမောဆို့အောင်လုပ်နေတယ်....

"ငါ မင်းကို စိတ်ပူလို့ လာကြည့်တာ"

ဟယ်ရီရဲ့ စိတ်ပူတယ်ဆိုတဲ့ စကားတစ်ခွန်းမှာတင် ဟယ်ရီ့ရင်ခွင်ထဲကို ပြေးဝင်လိုက်ချင်တယ်...ဒါပေမယ့် စိတ်ကိုထိန်းရမယ်!ပစ်သွားတုန်းက ပစ်သွားပြီးအခုကျ စိတ်ပူတယ်တဲ့..ဟွန့်! ဒရေကို့ကို အချဉ်မှတ်နေလား😒

"ဒေါင်..ဒေါင်..ဒေါင် "

မနက်ခင်းကြားနေကျ နာရီသံအကျယ်ကြီးက ကျောင်းဆေးခန်းကို လွှမ်းမိုးလိုက်သည်....မနက်စာ စားချိန်တောင်ရောက်ပြီပဲ...

"ကလေးတို့...မနက်စာသွားစားကြတော့ မစ္စတာ မက်ဖွိုင်း ကို မဒမ်ကြည့်ထားလိုက်ပါ့မယ်"

မဒမ် ပွန်ဖရေက ဟယ်ရီတို့ကို မနက်စာမစားရမှာစိုး၍ ပြောသည်...စလေသရင်းတွေ အကုန်ပြန်သွားကြသော်လည်း ဟယ်ရီ့ကတော့ သူရပ်နေတဲ့နေရာမှာ ရပ်ကြည့်နေဆဲ...

"မစ္စတာ ပေါ်တာ...နောက်ကျနေဦးမယ်"

မဒမ်ပွန်ဖရေက နောက်တစ်ခါ သတိထပ်ပေးတယ်..

"ရပါတယ် မဒမ်...ကျတော် ဒရေကို့ကို စောင့်ပေးလိုက်ပါ့မယ်"

"အေးပါကွယ်..မင်းသဘောပါ.မဒမ် ဆေးသွားယူလိုက်အုံးမယ်နော်"

မဒမ် ပွန်ဖရေ အခန်းထဲက ထွက်သွားတော့ ဟယ်ရီက ဒရေကို့ဆီ ဦးတည်လိုက်ပြီး ဒရေကို့ကုတင်ဘေးနားက ခုံမှာဝင်ထိုင်လိုက်သည်...သေချာကြည့်တော့မှ သူ့လက်ဒဏ်ရာရသွားတာပဲ

"မင်းလက် အဆင်ပြေရဲ့လား"

ဟယ်ရီက ဒရေကို့ကို အရင်စကားစလိုက်သည်...

It's called Drarry ✔✔ ( completed)Where stories live. Discover now