Zawgyi
ကွစ်ဒစ်ကစားပွဲကြီး စတင်ကတည်းက အုံ့မည်းနေသော တိမ်စိုင်များသည် တဖြည်းဖြည်း မိုးစက်များအဖြစ်သို့ အသွင်ပြောင်းလာသည်...
"မိုးရွာလာပြီပဲ!"
ဟယ်ရီ့စကားကြောင့် ဒရေကို ဟယ်ရီ့ကို လှည့်ကြည့်မိလိုက်တယ်...
မိုးရေလေးတွေကို လက်နဲ့ခံကာ ကစားနေသော ကောင်လေးတစ်ယောက်ကြောင့် ပတ်ဝန်းကျင်ကိုတောင် မေ့လုနီးပါးဖြစ်နေသည်...ဘယ်လိုတောင် လှပလိုက်တဲ့ မြင်ကွင်းလဲ?..ဒီအသည်းယားစရာကောင်လေးကို ရင်ခွင်ထဲမှာ တစ်သက်လုံးသိမ်းထားချင်မိတာ အပြစ်လား...ဝှီး....
ကြည့်နေရင်းက ဖြတ်ခနဲ ထွက်သွားသည့် ဟယ်ရီ့တံမြက်စည်းပျံကြောင့် ဒရေကိုတောင် လန်ကျတော့မလိုဖြစ်သွားသည်...
"ဟယ်ရီ!မင်းညစ်တယ်"
"ဘာလဲ?ငါဘာညစ်လို့လဲ?"
မိုးရေတွေကြားထဲမှာတောင် ဒရေကို့ရဲ့ အသံကို ကြားဖြစ်အောင်ကြားလိုက်သေးတဲ့ ဟယ်ရီက သူ့ကို လှည့်ကြည့်ပြီး ဘာညစ်လို့လဲ..လို့..အော်မေးနိုင်သေးတယ်..
"ငါ့နှလုံးသားကို ကစားပြီး ထွက်ပြေးသွားတယ်လေ .."
ဒီစကားကိုတော့ ဟယ်ရီကြားတော့မည် မဟုတ်..သူ့တစ်ကိုယ်စာ အသံလေးနဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်း...ဖြစ်နေသောကြောင့်..ဒါပေမယ့် ကြားစေချင်မိတယ်..
ဟယ်ရီတစ်ယောက် တဖြည်းဖြည်းနဲ့ ရွှေဘောလုံးကို လိုက်ဖမ်းရာက ရောက်မှန်းမသိ..ရောက်လာသော အမြင့်ဆုံးနေရာ..အောက်ကိုလှမ်းကြည့်တော့လည်း ဘာမှမမြင်ရ..ဘေးကို လှည့်ကြည့်တော့လည်း ဘာမှမမြင်ရ.. ဒီကြားထဲ မိုးက သည်းသည်းမည်းမည်းရွာနေသောကြောင့် မိုးသံမှတစ်ပါး အခြားအသံတွေလည်း မကြားရ...ဒရေကို့ကိုလည်း မတွေ့..
ရုတ်တရက် ဘေးနားကနေ ပေါ်လာသော အမည်းရောင်ရိပ်များကြောင့် ဟယ်ရီ တံမြက်စည်းကို မနည်းထိန်းထားရသည်...ဒီမန်တာတွေ..!!
ဒီမန်တာတွေက ပွဲအတွင်း ဝင်လို့မရဘူးလေ..ဘယ်လိုဖြစ်လို့...??
"အား......!!"
ဟယ်ရီ၏ကမ္ဘာသည် အား..!ဆိုတဲ့ အသံနှင့်အတူ လုံးဝပျောက်ကွယ်သွားသည်...
YOU ARE READING
It's called Drarry ✔✔ ( completed)
Fanfiction( Zawgyi and Unicode ) ပထမဆုံးရေးတဲ့ Drarry Fan Fic လေးပါ 💞 Harry နဲ့ Draco ကိုချစ်လို့်ရေးခြင်း ဖြစ်ပါသည် ( Zawgyi and Unicode )✔✔ ပထမဆုံးရေးတဲ့ Drarry Fan Fic လေးပါ Harry နဲ့ Draco ကိုချစ်လို့်ရေးခြင်း ဖြစ်ပါသည်