Chapter 30 ( မိုးမခပင်ကြီးမှ တစ်စုံတစ်ရာ) Z/U

1.5K 179 10
                                    

Zawgyi

"အား...!"

ဒရေကိုနဲ့ဟယ်ရီတို့ရဲ့ ကြည်နူးစရာအချိန်လေးက အော်သံတစ်ခုကြောင့် ပျက်ဆီးသွားရသည်...။

အော်သံသည် မိုးမခပင်ကြီးနားမှ လာသောကြောင့် ဟယ်ရီတို့လည်း မိုးမခပင်ကြီးဘက်သို့ အမြန် ​ပြေးရတော့သည်..။

"ဟယ်ရီ!ကိုယ့်နားမှာပဲနေ!"

ဖြစ်မလာသေးသော အန္တရာယ်ကို ရင်မဆိုင်ရသေးခင် ကြိုပြီး ကာကွယ်ပေးနေသော ချစ်ရသူကြောင့် ဟယ်ရီ ပြုံးမိပါသည်။

ဒီလောက်ချစ်တတ်သူကို ဘာလို့ အစကတည်းက ရှာမတွေ့ခဲ့ပါလိမ့်..?

မိုးမခပင်ကြီးဆီသို့ရောက်လာလေပြီ.. ။
ကြီးမားလှသော မိုးမခပင်ကြီးက လရောင်အောက်၌ ငြိမ်သက်နေသည်..။

"ဟယ်ရီ!"

အနောက်မှခေါ်သံကြောင့် လှည့်ကြည့်မိတော့ ဟာမွန်နီ နဲ့ ရွန် တို့ကို တွေ့လိုက်ရသည်...။
ဂရင်းဖင်းဒေါအဆောင်ထဲတွင် ရှိနေရမည့် သူတို့သည် အဘယ်ကြောင့် ဒီနေရာတွင် ရှိနေပါသနည်း...။

"ဟာမွန်နီ ! ရွန်!"

"မင်းတို့က ဘာလို့ ဒီကိုရောက်နေတာလဲ?"

ဟယ်ရီမေးမယ့် မေးခွန်းကို မေးလိုက်သူကား ဒရေကိုပင်ဖြစ်သည်..။

"ဟို...."

"နင်တို့ ချိန်းတွေ့နေကြတာလား?"

မဖြေနိုင်ဖြစ်နေသော နှစ်ယောက်က ဒရေကိုရဲ့မေးခွန်းကိုကြားသည်နှင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ....

"အင်း!"တစ်လုံးတည်း ပြန်ဖြေသည်..။

"အော်..."

ဟယ်ရီကတော့ ဟာမွန်နီကို ဂုဏ်ယူပါတယ် ဆိုတဲ့ အကြည့်နဲ့ ပြုံးပြလိုက်သည်..။

"အသံက ဟိုဘက်က လာတဲ့အသံပဲ!"

ရွန်ရဲ့စကားကြောင့် ဟယ်ရီတို့လည်း ခုနက အော်သံဘက်သို့ ပြန်လှည့်သွားကြသည်..။

"အင်း!သွားကြည့်ကြတာပေါ့!
.
.

"ဟယ်ရီ!ဒီမှာ အပေါက်တစ်ပေါက်!"

ဟာမွန်နီ၏ မျက်စိလျင်မှုကြောင့် မိုးမခပင်ခြေရင်းက တွင်းပေါက်တစ်ပေါက်ကို ရှာတွေ့သွားသည်..။
ထိုအပေါက်သည် တစ်နေရာရာအတွက် ဖောက်ထားတဲ့ လျို့ဝှက်အပေါက်လို..
အဝေးမှကြည့်လျှင် မမြင်ရဘဲ အနီးကပ်လိုက်ရှာမှ တွေ့ရသည့်ပုံ ဖြစ်သည်..။

It's called Drarry ✔✔ ( completed)Where stories live. Discover now