Zawgyi Font
"အူးဝူး...."
ကြောက်စရာကောင်းသော သားရဲကောင် တဖြစ်လည်း ပရော်ဖက်ဆာ ရီးမက်စ်သည် လရောင်အောက်၌ ကျယ်လောင်စွာ အူနေသည်...။
"ပရော်ဖက်ဆာ..."
သမန်းဝံပုလွေ များရဲ့ အကြောင်းကို သိသော ဟာမွန်နီသည် လူစိတ်ရှိသေးသည်လား ဟု စမ်းသပ်ဟန်ဖြင့် ပရော်ဖက်ဆာဟုခေါ်ကာ အနားသို့တိုးကပ်သွားသည်..။
"ဟာမွန်နီ သတိထား!"
"ဝေါင်း..."
ဟယ်ရီတို့သတိပေးလိုက်ချိန်မှာပဲ ချွန်ထက်နေသော သွားကြီးများဖြင့် သားရဲကြီးသည် ဟာမွန်နီ့ဆီသို့ ခုန်အုပ်လာသည်...။
"အိတ်စပယ်လီ အားမတ်စ်!"
ဟာမွန်နီ့ကို ဟယ်ရီတို့ဆီသို့ ပြန်လည်တွန်းပို့ကာ သားရဲကောင်ကြီးကို တိုက်ခိုက်လိုက်သူကား...
ဆီးရီးယပ်စ် ဘလက်! ...။"ပြေးကြတော့..မြန်မြန်! "
ဆီးရီးယပ်စ် သည် လွင့်ထွက်သွားသော သားရဲကြီးကို wand ဖြင့် ချိန်ထားရင်း ဟယ်ရီတို့ဘက်သို့ လှည့်ကြည့်ပြီး ပြောသည်...။
"ပေါ်တာ!..မင်းနဲ့ငါနဲ့တွေ့..."
တွင်းပေါက်ထဲမှ ဟယ်ရီ့ကို ပြန်ရန်တွေ့ဖို့ ထွက်လာသော ပရော်ဖက်ဆာ စနိပ်သည် သူ့အရှေ့က အဖြစ်အပျက်များကြောင့် ပြောလက်စ စကားများ ရပ်တန့်သွားသည်.. ။
လဲကျနေသော သားရဲကောင်ကြီးက ထဖို့အတွက် အားယူနေသည်ကိုကြည့်ပြီး စနိပ် တစ်ယောက် ဖြစ်ပျက်သမျှ အရာရာကို နားလည်သွားသည်..။
"ကဲ!ငါတို့ သွားကြမယ်..!"
ဟယ်ရီတို့ကို ခေါ်ကာ ထွက်သွားဖို့ပြင်လိုက်ချိန် ဟယ်ရီတစ်ယောက် သူ့ရဲ့ ခေါင်းကိုင်ဖခင် ဆိုသူကို တစ်ချက်ကြည့်မိသည်...။
ဆီးရီးယပ်စ် သည်လည်း ဟယ်ရီ့ကို ပြုံးပြကာ ကြည့်နေသည်..။
ပြန်သတိရလာသော သားရဲကောင်ကြီးသည် ဆီးရီးယပ်စ် အနားသို့ တဖြည်းဖြည်း နီးကပ်လာသည်..။
"ဆီးရီးယပ်စ်! နောက်မှာ..."
အနောက်တွင် ခုန်အုပ်ရန်ပြင်နေသည့် သားရဲကြီးကို သူ၏ Wand ဖြင့် ချိန်လိုက်ပြီး.....
YOU ARE READING
It's called Drarry ✔✔ ( completed)
Hayran Kurgu( Zawgyi and Unicode ) ပထမဆုံးရေးတဲ့ Drarry Fan Fic လေးပါ 💞 Harry နဲ့ Draco ကိုချစ်လို့်ရေးခြင်း ဖြစ်ပါသည် ( Zawgyi and Unicode )✔✔ ပထမဆုံးရေးတဲ့ Drarry Fan Fic လေးပါ Harry နဲ့ Draco ကိုချစ်လို့်ရေးခြင်း ဖြစ်ပါသည်