Chapter 29 ( အချစ်၏ လက်ဆောင် )

1.5K 196 39
                                    

Zawgyi

"ပရော်ဖက်ဆာ ရီးမက်စ်က ဘယ်ပျောက်နေတာလဲ? "

"ငါလည်း မသိဘူးလေ!ဘာလို့ ငါ့မေးနေတာလဲ"

"နင့်ကို မေးတာမဟုတ်ဘူး!ဟယ်ရီ့ကို မေးတာဟဲ့!"

အဆောင်သို့ အပြန်လမ်းတွင် ဟာမွန်နီ နဲ့ ရွန်တို့ရန်ဖြစ်နေသည်..။
ဟယ်ရီကတော့ ဘာတစ်ခုမှ ဝင်မပြော..။

"ဟယ်ရီ..နင်ရော ဘယ်လိုထင်လဲ?"

"ငါဘယ်လိုမှ မထင်ဘူး...အခုဒါကို မစဉ်းစားနိုင်သေးဘူး!"

ဟယ်ရီရဲ့ ပုံက စိတ်ဆတ်နေသည့်ပုံ..။
အကြောင်းမူကား ယနေ့ဟာ သူတို့ရဲ့ နှစ်လပြည့် anniဆိုသည်ကို ဒရေကို မေ့နေ၍ ဖြစ်သည်...။

မနက်က တွေ့သော်လည်း အဲ့အကြောင်းကို မပြောပုံထောက်လျှင် မေ့များမေ့နေသည်လား..။

ထိုအကြောင်းကို စဉ်းစားနေတာနဲ့ စာသင်တာတောင် အာရုံမရှိ..။

အမှန်တကယ် မေ့နေတယ်ဆိုလို့ကတော့......

ဟင်းဟင်း...မင်းအသေပဲ!!!

__________________________

"ဟယ်ရီ!"

သူ့နာမည်ခေါ်သံကြားလို့ အတွေးထဲမှထွက်ကာ ခေါင်းထောင်ကြည့်မိတော့ သူတို့ဆီသို့ ပြေးလာတဲ့ ကောင်မလေးတစ်ယောက်....။
အနှီကောင်မလေးကား ဒရေကို၏ သူငယ်ချင်း ပင်စီ ဖြစ်သည်....။

"ဟို..နင့်ကို ဒရေကိုက ဒီစာလေး ပေးခိုင်းလိုက်လို့!"

ဒရေကို့ဆီက စာဆိုသောကြောင့် အမြန်ဘဲ ယူလိုက်သည် ...။

"ကျေးဇူးပဲ! "

"အင်း...ဒါဆို ငါသွားတော့မယ်!နှုတ်ဆက်ပါတယ်"

ပင်စီက ဟယ်ရီ့ကိုသာမက ဟာမွန်နီနှင့်ရွန်တို့ကိုပါ နှုတ်ဆက်ပြီး ထွက်သွားသည်.. ။

"ဟယ်ရီ!ဖွင့်ကြည့်လိုက်​လေ.."

ဟာမွန်နီက စာရွက်ပေါ်သို့ မေးထိုးကာ ပြောတော့ ဟယ်ရီလည်း ခေါက်ထားသော စာရွက်လေးကို ဖွင့်ကြည့်လိုက်သည်.. ။

It's called Drarry ✔✔ ( completed)Where stories live. Discover now