Zawgyi
"ငါမလုပ်နိုင်ဘူး!!"
ဟာမွန်နီ ၏ အကြံကို ဒရေကို ငြင်းနေသည်မှာ မနက်ကတည်းက..သို့သော် ဟာမွန်နီကတော့ လက်မလျှော့..ဒရေကိုနဲ့ ဟယ်ရီကို ညားအောင်မရရအောင်လုပ်မယ်ဟု ဆုံးဖြတ်ထားသည်မှာ သူမ ဒရေကို့ကို ကူညီခဲ့သည့်အချိန်ကတည်းက..ဟာမွန်နီဆိုသည်မှာလည်း ဆုံးဖြတ်ပြီးသားအရာတစ်ခုကို ဘယ်တော့မှ ပြန်ပြင်ရိုးထုံးစံမရှိဘူးလေ...
"နင်လုပ်မှရမယ်..ဒရေကို!"
"ငါမလုပ်နိုင်ဘူး..ငါဟယ်ရီ့ကိုပဲချစ်တာလေ"
"ငါလည်း နင့်ကိုမချစ်ပါဘူး..နင်နဲ့လည်း တကယ်တွဲမှာမှ မဟုတ်တာ.. ဟယ်ရီသဝန်တိုအောင်လုပ်ရမှာလေ.."
"ဟယ်ရီ့ကို ငါသဝန်တိုအောင်မလုပ်ချင်ပါဘူး..ဟာမွန်နီရယ်..သူသဝန်တိုပြီး ငါ့ကို မခေါ်တော့ရင် ဘယ်လိုလုပ်မှာလဲ?"
"ဟယ်ရီ့ကိုနင့်လိုမျိုးများ မှတ်နေလား"
ဟာမွန်နီရဲ့ စကားအဆုံးတွင် ဒရေကို့အသံပျောက်ကွယ်သွားသည်..ဟုတ်သားပဲ..ဟာမွန်နီပြောတာမှန်သည်..ဒရေကိုကသာ ဟယ်ရီ့ကို ဘယ်သူနဲ့ပဲတွေ့တွေ့ ဘာပဲလုပ်လုပ် အကုန်လိုက်ပြီးသဝန်တိုနေပေမယ့်..ဟယ်ရီကတော့ အဲ့လိုမဟုတ်ဘူးလေ..သူဘာပဲလုပ်လုပ် ဘယ်သူနဲ့ပဲတွေ့တွေ့ စိတ်မဝင်စားဘူး..ဟယ်ရီ့ရဲ့ သဝန်တိုတဲ့ပုံစံလေးကို တစ်ခေါက်လောက်တော့ မြင်ဘူးချင်သေးတယ်..
"ငါနင်နဲ့တွဲတော့မတွဲနိုင်ဘူး..ဒါပေမယ့် သဝန်တိုအောင်တော့ လုပ်ချင်တယ်"
ဒရေကို့ စကားကြားတော့ ဟာမွန်နီ မျက်မှောင်ကြုတ်သွားသည်..ဒီကလည်း သူနဲ့မတွဲချင်ပါဘူး..ကိုယ့်မှာလည်း ကြိုက်နေတဲ့သူရှိတာပဲ...ကူညီလည်းကူညီရသေးတယ်..လူကိုများ မှိုချိုးမျှစ်ချိုးနဲ့😣..
"ဟာမွန်နီ.. ငါပြောတာကြားလား "
"ဟမ်.အေး..ကြားတယ်"
စိတ်ထဲမှာ ကျိန်ဆဲနေတုန်း ရှိသေးတဲ့ဟာကို..
"အဲဒါ ဘယ်လိုလုပ်ရမလဲ "
"ငါစဉ်းစားကြည့်ဦးမယ်..နင်က ငါနဲ့လည်း မတွဲချင်ဘူး.."
"ဘယ်ကောင်မလေးနဲ့မှ မတွဲချင်ဘူး.. ဟယ်ရီနဲ့ပဲ တွဲချင်တာ.."
YOU ARE READING
It's called Drarry ✔✔ ( completed)
Fanfiction( Zawgyi and Unicode ) ပထမဆုံးရေးတဲ့ Drarry Fan Fic လေးပါ 💞 Harry နဲ့ Draco ကိုချစ်လို့်ရေးခြင်း ဖြစ်ပါသည် ( Zawgyi and Unicode )✔✔ ပထမဆုံးရေးတဲ့ Drarry Fan Fic လေးပါ Harry နဲ့ Draco ကိုချစ်လို့်ရေးခြင်း ဖြစ်ပါသည်