Chapter 1 ( မင်းက ငါ့အပိုင် ) Z/U

8K 396 19
                                    

Zawgyi 🖤

"အ..ဒရေကို..နာတယ်..လွှတ်အုံး"

စာကြည့်တိုက်ထဲမှ ရုတ်တရက် လက်ကိုဆွဲပြီး ခေါ်လာတယ့် ဒရေကိုနဲ့ သူ့ကို ဘာကြောင့်မှန်းမသိ အကြမ်းပတမ်း ဆွဲခေါ်လာတဲ့ ဒရေကို့လက်ကို ဖယ်ထုတ်နေတဲ့ ဟယ်ရီ..

"မင်းတော်တော်ပျော်နေတယ်ပေါ့ ပေါ်တာ"

ဆွဲထားတဲ့လက်ကို မလွှတ်သေးဘဲ ဟယ်ရီဘက်ကိုကြည့်ကာ ဒေါသတကြီးနဲ့ အော်လိုက်သည်

ဟယ်ရီက နားမလည်သည့်ပုံစံဖြင့် ပြန်မေးသည်..။

"မင်းဘာကိုပြောနေတာလဲ..ဒရေကို ငါဘာလုပ်မိလို့လဲ "
"ဘာလုပ်မိလို့လဲ ဟုတ်လား..မင်း ဟိုကောင် ဆစ်ထရစ်နဲ့ ပရော်ပရည် လုပ်နေတယ်လေ"

"ငါ..ငါနဲ့ဆစ်ထရစ်ကစာအတူတူဖတ်နေကြတာ..ဘာပရောပရည်မှ မလုပ်ဘူး..ပြီးတော့ မင်း..မင်းက ငါ့ကို စိတ်တိုနေရအောင် မင်းနဲ့ငါက ဘာဆိုင်လို့လဲ"

ဟယ်ရီပြောချလိုက်တဲ့ စကားလုံးတွေကြောင့်ဒရေကို့ရင်ထဲ နာကျင်သွားရသည်

*ဘာဆိုင်လို့လဲ တဲ့ ပေါ်တာရာ...
အေးပါ..မင်းနဲ့က ဘာမှမဆိုင်ပါဘူး..မင်းကအနေသာကြီးပါ..ငါကသာ ငါ့ခံစားချက်တွေကိုထိန်းချုပ်မရဖစ်နေတာ..ငါကပဲ မင်းကိုရူးတဲ့အရူးလုံးလုံးဖြစ်နေတာ..!! *

ဒရေကိုအော်ပြောပစ်လိုက်ချင်ပေမယ့် သူ့အတွေးတွေကို ထိန်းချုပ်လိုက်သည်...။

သူ့ရဲ့ပင်လယ်ပြာမျက်ဝန်းတွေမှာတောင် ဝမ်းနည်းမှုနဲ့ နာကျင်မှုကြောင့် မျက်ရည်များတောင် စို့နေလေပြီ

"အေး..မင်းနဲ့ ငါနဲ့က ဘာမှမဆိုင်ဘူး..ငါစည်းကျော်သွားတာပဲနေမှာပါ..အခုလဲ ဒီလိုလုပ်မိတဲ့အတွက်ငါတောင်းပန်တယ်..ငါကမင်းနဲ့ဘာမှမဆိုင်မို့လို့ နောက်ထပ် မင်းကိစ္စတွေလဲ ဝင်မရှုပ် တော့ဘူး..ငါသွားပီ..ပေါ်တာ!"

သူ့ရှေ့ကနေ ပြောချင်ရာပြောပြီး ထွက်သွားသည့် ဒရေကို့ကို
ဟယ်ရီ မျက်စိထဲက ပျောက်သွားသည်အထိ လိုက်ကြည့်နေမိသည်..

သူဘာများမှားသွားလို့လဲ..ဟယ်ရီပြန်စဉ်းစားလိုက်သည်..

ဒရေကိုနဲ့ ဟယ်ရီ သူငယ်ချင်းဖစ်ခဲ့သည်မှာ သုံးနှစ်ရှိပီ ဖြစ်သည်..။

It's called Drarry ✔✔ ( completed)Where stories live. Discover now