Chapter 21 ( 💋 ) Z/U

1.8K 226 17
                                    

Zawgyi

"အောင်မလေး..ဗုဒ္ဓေါ!"

ဆေးခွက်ကြီးကိုင်ပြီး အထဲသို့ ပြန်လာသော မဒမ်ပွန်ဖရေ ၏ ဘုရားတမှုကြောင့် ဒရေကိုရဲ့ လုပ်လက်စအလုပ်ကို ဖြတ်ပြီး
မဒမ် ဘက်သို့လှည့်ကြည့်လိုက်သည် ..ကြည့်လိုက်တော့ ပါးစပ်အဟောင်းသားနဲ့ ဒရေကို့်ကို ကြည့်နေတယ်..ဘာတွေများမြင်သွားလို့ပါလိမ့်..ဆိုပြီး ဟယ်ရီ့ဘက်ကို တစ်ချက်ကြည့်မိတော့မှ ခုနက သူလုပ်တာကို သတိရလိုက်သည်...

ဟယ်ရီ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေတာ မဝလို့ နှုတ်ခမ်းလေးနား ကပ်ပြီး ပြစ်မှားရန်ပြင်နေတုန်း...မဒမ်ပွန်ဖရေ က ဘုရားတလိုက်တော့....ဟင်း..ဟင်း...ဟင်း။

ဒရေကိုလည်း သူ့အကြောင်းသူ ပြန်စဉ်းစာမိတော့ မဒမ်ပွန်ဖရေ ကို အားနာမိသွားသည်..ဟိုက အပျိုကြီး မဟုတ်လား?😅

"မဒမ်!အဆင်ပြေရဲ့လားဗျ"

ပါးစပ်အဟောင်းသားဖြစ်နေတဲ့ မဒမ်ကို ဒရေကိုက ရှက်ရှက်နဲ့ပဲ မေးလိုက်ရသည်..သွားကူပေးချင်ပေမယ့် လမ်းလျှောက်လို့လည်း မရ...

(A/N ရှင်ကလည်း စိတ်ဓာတ်ပဲ!သူ့ကလေးဆီသွားတုန်းက ဒီလို မဟုတ်ပါဘူး 😒)

"အ..အဆင်ပြေပါတယ်!"

စကားတောင်ပီအောင် မပြောနိုင်တော့ရှာတဲ့ မဒမ်ပွန်ဖရေ ကိုကြည့်ပြီး ဒရေကို့မှာ ရယ်ရမလို..ငိုရမလို..

"ဟို..ခုနကလေ"

"......."

"ကျတော် ဟယ်ရီ့ကို အနိုင်ကျင့်နေတာ မဟုတ်ပါဘူးဗျ"

ဟယ်ရီ့ကိုဆေးတိုက်ဖို့ ပြင်နေတဲ့ မဒမ်ပွန်ဖရေက အခုထိ သူ့ကို မျက်လုံးချင်းမဆုံသေး...

"မဒမ် သိပါတယ်ကွယ်!"

သူမရဲ့ ဆေးခွက်ထဲက ဆေးရည်ကို ဆက်ဖျော်နေရင်း ဒရေကို့ကို ပြောသည်..

"ရုတ်တရက် ဆိုတော့ လန့်သွားလို့ပါ!"

"ဗျာ..ဟုတ်ကဲ့!"

ဒရေကိုလည်း ဟုတ်ကဲ့ တစ်လုံးသာ ပြောလိုက်တော့သည် ...ဒီကိစ္စကြီး ပြောရတာလည်း မျက်နှာပူစရာပါလေ😑

It's called Drarry ✔✔ ( completed)Where stories live. Discover now