Chapter 5 ( မင်းငါ့ကိုနာကျင်အောင်လုပ်ပြန်ပြီ)Z/U

2.3K 275 10
                                    

Zawgyi

ဟယ်ရီ မနေ့ညက တစ်ညလုံးစဉ်းစားခဲ့သည်..ဒရေကို့ရဲ့ အပြောတွေ..ဒရေကိုရဲ့ အကြည့်တွေအောက်မှာ သူ့နှလုံးခုန်သံတွေ ဘာလို့မြန်လာရတာလဲ ဆိုတာ...!

"အိုး...ဟယ်ရီ! မင်းကအစောကြီးနိုးနေတာပဲကွ"

Ron က အိပ်ချင်မူးတူးဖြင့် သူ့ကုတင်ပေါ်ကနေ နှုတ်ဆက်လာသည်..။

"ဟုတ်တယ်ရွန်..ငါစဉ်းစားစရာရှိလို့"

"မင်းရဲ့စဉ်းစားစရာတွေက မကုန်သေးဘူးလား!မနေ့ကလဲ စဉ်းစားစရာရှိတယ်လို့ပြောတယ်.ဒီနေ့လည်းစဉ်းစားစရာရှိတယ်လို့ပြောတယ်!ဘာတီထွင်မလို့လဲ"

"ငါ..ဒီတိုင်းဖြေရှင်းစရာကိစ္စရှိနေလို့ပါ..ငါတို့မျက်နှာသစ်ရ
အောင် နောက်ကျနေဦးမယ်!"

ဟယ်ရီလဲ ရွန်ပေါက်ပေါက်ဖောက်တာကိုမခံချင်တာနဲ့ စကားလမ်းကြောင်းလွဲလိုက်ပြီး Grand Hall ထဲကို မနက်စာစားဖို့ ထွက်လာခဲ့တော့သည်..။
.................................
Hall ထဲကိုရောက်တာနဲ့ ဟယ်ရီမျက်လုံးက အလိုလို စလေသရင်းစားပွဲဘက်ကို အလိုလို ရောက်သွားမိတယ်..။

ဒရေကို့ကို မတွေ့....။

ဒီကောင်ဘယ်ရောက်နေတာလဲ?
မနက်စာမစားဘူးလားမသိဘူး..!*

"ဟယ်ရီ..ထိုင်လေ..ဘာရပ်ကြည့်နေတာလဲ"

ဟာမွန်နီက ဟယ်ရီ့လက်ကိုဆွဲပီး ထိုင်ခုံမှာထိုင်ခိုင်းသည်..။

ဟာမွန်နီ ၏ဘေးတွင် ဂျင်းနီ ထိုင်နေသည်..။

ဂျင်းနီကမကြာခဏဆိုသလို သူ့ကိုခိုးခိုးကြည့်သည်ကို ဟယ်ရီ ရိပ်မိသော်လည်း ဟယ်ရီ့မျက်လုံးတွေကလဲ ဒရေကို့ကိုသာ လိုက်ရှာနေမိသည်..။

"ကျောင်းသားတို့..သုံးဆောင်လို့ရပါပြီ"

ပရော်ဖက်ဆာ မက်ဂေါ်နဂယ်ရဲ့ စကားသံအဆုံးမှာ ကျောင်းသားတွေ အကုန်လုံးမနက်စာစားကြသည်
ဗိုက်ဆာနေတာကြောင့်  ကြက်ပေါင်တစ်ချောင်းကို အဆွဲ သူနဲ့အပြိုင်လှမ်းဆွဲယူလိုက်တဲ့ ဂျင်းနီရဲ့လက်...။

ဟယ်ရီလဲ အလျော့ပေးပြီး ဂျင်းနီကိုဦးစားပေးလိုက်သည်...။

"ရော့..ဂျင်းနီ"

တစ်ဆက်တည်း ဟယ်ရီက သူခုနက စားဖို့ယူထားတဲ့ ချောကလက်ကိတ်ကို ဂျင်းနီကို ပေးလိုက်သည်..။
ဒီကလေးမက ချောကလက်ကြိုက်တာကို သူသိတယ်လေ..

It's called Drarry ✔✔ ( completed)Where stories live. Discover now