Zawgyi
Grand hall ထဲရောက်တော့ ဟယ်ရီက ဂရင်းဖင်းဒေါ စားပွဲဘက်သွားပြီး ဒရေကိုကေတာ့ စလေသရင်းစားပွဲကို သွားတာပေါ့...
"ဟေး..သူငယ်ချင်းတို့""ဟယ်ရီ!နင်ဘယ်တွေ လျှောက်သွားနေတာလဲ?ငါတို့မင်းကို စိတ်ပူနေတာ"
သူထွက်သွားတာကို မသိတဲ့ ရွန်က ကြက်ပေါင်ကိုက်ရင်းနဲ့ ဟယ်ရီ့ကို လှမ်းမေးသည်..ဘယ်သိမလဲ? သေနေတာကို...
"ငါ... ဒရေကို့ဆီ သွားတာပါ"
"ဘာ!အဲ့ဆံဖြူကောင်ဆီ ဘာသွားလုပ်တာလဲ"
"ဒရေကို တံမြက်စည်းပျံပေါ်က ပြုတ်ကျလို့်လေ..နင်က ဘာကိစ္စ အကုန်လိုက်မေးနေတာလည်း စားစရာရှိတာစားစမ်းပါ"
ဘေးနားက ဟာမွန်နီက ဟယ်ရီ့အစား ဟောက်ပေးလိုက်တော့ ရွန်က ဘာမှမပြောတော့ဘဲ သူကြက်ပေါင်ကိုသာ ဆက်ကိုက်နေတော့သည်...
"ဟယ်ရီ!ဒရေကို ဘာဖြစ်သွားသေးလဲ?"
"သူ့လက်တစ်ဖက်ထိသွားရုံကလွဲလို့ ဘာမှမဖြစ်ပါဘူး ..မနက်ဖြန်လောက်ဆိုရင်ပျောက်သွားလောက်မှာပါ"
"ဒါပဲလား?"
"ဒါပဲလေ"
ဟာမွန်နီ့စကားကြောင့် ဟယ်ရီနည်းနည်းတောင် စိတ်ရှုပ်သွားသည်..သူမေးတာ ဘာဖြစ်သွားသေးလဲလေ..ဖြစ်ကြောင်းကုန်စင်ပြောပြပြီးပြီပဲကို..ဒါပဲလားဆိုတော့ ဘယ်လိုပြန်ဖြေရမလဲ..
"ငါမေးတာက သူနင့်ကို တစ်ခုခုပြောသေးလားလို့လေ"
"ဟမ်...မပြောပါဘူး!တစ်ခုတော့ပြောတယ်..ငါကသူ့အတွက် သူငယ်ချင်းထက်ပိုတယ်တဲ့"
"အဲ့တော့ နင်ကဘာပြန်ပြောလိုက်လဲ"
ဟာမွန်နီ ကြည့်ရတာ ထူးဆန်းနေသည်..ခါတိုင်းထက် သူတို့နှစ်ယောက် အကြောင်းကို ပိုစိတ်ဝင်စားနေသလိုပဲ
"ငါလည်း သူ့ကို သူငယ်ချင်းထက်ပိုတယ်လို့ ပြန်ပြောလိုက်တယ်လေ"
ဟယ်ရီကတော့ မုန့်စားနေရင်းနဲ့ အေးအေးဆေးဆေးပဲ ပြန်ဖြေနေသည်..နေပါဦး.. ဒီကိစ္စက အဲ့လောက်အေးဆေးရမယ့်ကိစ္စမဟုတ်ဘူးလေ..
ဟာမွန်နီ ! မစားတော့ဘူးလား"
မစားဘဲနဲ့ သူ့ကိုစိုက်ကြည့်နေသော ဟာမွန်နီ့ကို ဟယ်ရီမေးလိုက်သည်...
YOU ARE READING
It's called Drarry ✔✔ ( completed)
Fanfiction( Zawgyi and Unicode ) ပထမဆုံးရေးတဲ့ Drarry Fan Fic လေးပါ 💞 Harry နဲ့ Draco ကိုချစ်လို့်ရေးခြင်း ဖြစ်ပါသည် ( Zawgyi and Unicode )✔✔ ပထမဆုံးရေးတဲ့ Drarry Fan Fic လေးပါ Harry နဲ့ Draco ကိုချစ်လို့်ရေးခြင်း ဖြစ်ပါသည်