Chapter 16 ( ပရော်ဖက်ဆာ ရီးမက်စ် နှင့် တွေ့ဆုံခြင်း)Z/U

1.5K 203 12
                                    

Zawgyi

"နင့်အစီအစဉ်က ဘာလဲ"

ဒရေကိုက ဟာမွန်နီဘက်ပြန်လာပြီး မေးသည်..ဟာမွန်နီ လည်း ပြုံးပြီး သူ့အစီအစဉ်ကို ပြောပြလိုက်သည်...

"ဒီလိုဟ..$%&*^..အဲ့လိုလုပ်တော့..ဘယ်လိုလဲ?ပိုင်တယ်မလား?"

ဟာမွန်နီ့ အကြံက ဒီလိုပါ..ဒရေကိုက လေ့ကျင့်နေရင်း တံမြက်စည်းပျံပေါ်က ပြုတ်ကျလို့ ဆေးခန်းရောက်..ဒါကို ဟာမွန်နီက ဟယ်ရီ့ကို သွားပြော..ပြီးရင် ဘာညာသာဓကာပြောပြီး ချစ်နေတဲ့အကြောင်း ဖွင့်ပြော..ပြီးတော့ ချစ်သူတွေဖြစ်..ရိုးရိုးရှင်းရှင်းလေးပါပဲ😁

"နင့်အကြံက ထိရောထိရောက်မှာလား"

"ဒါတော့ နင်နဲ့ပဲ ဆိုင်တယ်"

"နေဦး.. ငါက တံမြက်စည်းပေါ်ကနေ တမင်ခုန်ချရမှာလား"

"သေချာတာပေါ့..နင်နည်းနည်းလေးပဲ အနာခံရမှာနော်..နင်ပြန်ရမှာက..ဟယ်ရီပေါ်တာ တစ်ယောက်လုံးကို.."

ဒရေကိုက မယုံရဲသလိုအကြည့်နဲ့ မေးလိုက်တော့ ဟာမွန်နီ က ပြုံးပြုံးကြီး ပြန်ဖြေတယ်...အေးပေါ့လေ..ဟယ်ရီ့ရဲဘအချစ်ကိုသာရမယ်ဆိုရင် ဒီလောက်တော့လုပ်နိုင်ပါတယ်..ဒရေကိုနဲ့ဟာမွန်နီတို့ရဲ့ အကြံက အောင်မြင်လုနီးပါးဖြစ်နေပေမယ့်
ဒါပေမယ့် ဟယ်ရီ့ရဲ့ သုံးစားမရတဲ့ ဦးနှောက်ကြောင့် မျှော်မှန်းထားသလိုတော့ မဖြစ်လာခဲ့ပါဘူး

Flash back end.....

"ငါနင့်ကို ကူညီခဲ့တာ မှားတာပဲ"

"နင့်သူငယ်ချင်းကကို သုံးစားမရတာ"

"နင်က ချစ်တယ်လို့ပြောလိုက်ရင်ပြီးပြီလေ..သူငယ်ချင်းထက်ပိုတယ်တွေ ဘာတွေ သွားလုပ်နေတာကို.."

"အဲဒါက....."

"မဖြစ်တော့ဘူး..ငါကိုယ်တိုင်ဝင်ပါမှရတော့မယ်..ဒရေကို!"

ဟာမွန်နီ က ဒရေကို့ကို ပြောသည်...သူကိုယ်တိုင်ဝင်ပါမှရတော့မယ်တဲ့..

"ဘယ်လိုလုပ်မှာလဲ"

ဒရေကိုက ဟာမွန်နီကို ပြန်မေးလိုက်တော့ ဟာမွန်နီပြောတဲ့စကားကြောင့် အံ့သြတကြီး ထအော်လိုက်မိသည် ...

It's called Drarry ✔✔ ( completed)Where stories live. Discover now