Chapter 22 ( 💔)Z/U

1.6K 217 15
                                    

Zawgyi 💔

နီးကပ်လာတဲ့ နှုတ်ခမ်းပါးတွေနဲ့အတူ နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာလည်း ဆိုင်းတီးနေခဲ့သည်....

ဖြန်း....

"တော်တော့!"

ဖြန်းခနဲ အသံနဲ့အတူ တဖြည်းဖြည်း ရဲတက်လာတဲ့ ဒရေကို့ရဲ့ ပါးပြင်..

"မင်း..မင်းငါ့ကို ရိုက်လိုက်တာလား?"

"ငါ..ငါ.."

ဒရေကို သူ့ပါးပြင်သူကိုင်ရင်း မယုံကြည်တဲ့မျက်လုံးများဖြင့် ဟယ်ရီ့ကို စိုက်ကြည့်နေမိသည်...
သူချစ်မိခဲ့သော ဟယ်ရီဆိုသော ကောင်လေးသည် သူ့ကိုတစ်ခါမှ ဤကဲ့သို့ကိုယ်ထိလက်ရောက် တစ်ခါမှ မလုပ်ခဲ့ဘူးပေ..။

သူစည်းကျော်မိလို့ ရသောအဖြေက ဒါလား...။

ဟယ်ရီတစ်ယောက် သူရိုက်မိလိုက်သောပါးပြင်ကို နောင်တများနှင့် ကြည့်မိသည်..
တစ်ဟုန်ချင်း ရဲတက်လာတဲ့ ပါးပြင်တစ်ဖက်တွင် စီးကျလာသော အရည်ကြည်များ...
ဒရေကို ငိုနေတာလား...။

"ငါ..ငါတောင်းပန်ပါတယ်! ငါမရည်ရွယ်ပါဘူး!ငါ...အွတ်"

တောင်းပန်စကားမဆုံးမီမှာပဲ ရပ်တန့်ခံလိုက်ရတဲ့ ဟယ်ရီရဲ့
နှုတ်ခမ်း....။

အရာအားလုံးကရပ်တန့်သွားသလိုပဲ!
သူ့နှုတ်ခမ်းပါးပေါ်ရောက်ချလာတဲ့ ဒရေကို့ရဲ့ နှုတ်ခမ်းပါးလေးတွေကို ဟယ်ရီရင်မောစွာကြည့်နေမိသည်..
ဒီအခြေအနေကြီးကို လက်မခံချင်ပေမယ့် ရှောင်လွှဲဖို့လည်း အားမရှိ...

သူ့ကို သိမ်းပိုက်ထားတဲ့ ထိုနှုတ်ခမ်းပါးတွေကို မရှောင်ဖယ်သလို တုံ့လည်းမတုံ့ပြန်မိ....

အနမ်းများက တဖြည်းဖြည်း ကြမ်းတမ်းလာသလို...
ဟယ်ရီလည်း အသက်ရှုကျပ်လာသည်....။

ဒရေကိုသူ့ရှေ့က ကောင်လေးအသက်ရှုကျပ်လာတာကို ခံစားမိတော့ သူစုပ်ယူထားတဲ့ နှုတ်ခမ်းပါးလေးတွေကို မလွှတ်ပေးချင်ပဲ လွှတ်ပေးရတော့သည်...

တကယ်ပါ..။
ဒီခဏတာ အနမ်းက တကယ့်ကို ချိုလွန်းပါတယ်..။

"ငါ...."

ဒရေကို စကားပြောမယ်လုပ်တုန်း ကောင်လေးကိုကြည့်လိုက်တော့ အသက်ကိုမနဲရှုနေရတဲ့ပုံ...

It's called Drarry ✔✔ ( completed)Where stories live. Discover now