[Unicode]
ဆိုးလ်မြို့ရဲ့တစ်နေရာက Church ကျောင်းကြီးထဲ
မင်္ဂလာပွဲတစ်ပွဲ စည်စည်ကားကားကျင်းပလျက်ရှိ၏ ။
နန်းတော်တစ်မျှခမ်းနားလှတဲ့ ဤပွဲနဲ့ စားသောက်ဖွယ်ရာ
တွေကလည်း ဘုရင့်ပွဲတော်အတိုင်း တည်ခင်းထားပြီး
ကြွရောက်လာတဲ့လူအားလုံးက တောက်တောက်ပြောင်ပြောင်
ဝတ်စားထားသည့် အထက်တန်းလွှာတွေ ။ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုကMDခပ်ငယ်ငယ်
ကောင်လေးတစ်ယောက် ၊ သူနှင့်သာမန်ကောင်လေး
တစ်ယောက်နဲ့ စေ့စပ်ပြီးမကြာခင်လက်ထက်ပွဲကျင်းပမည်တဲ့ ။ ဟိုးလေးတစ်ကျော် ဖြစ်သွားတဲ့ကိစ္စကြောင့် တက်ရောက်လာသူတို့ရဲ့ ဟန်ပန်အမူအရာက ဂုဏ်ပြုပေးချင်သည်ထက် ပိုစူးစမ်းချင်နေကြသည့်ဟန် ။အခန်းငယ်တစ်ခုထဲက ချောမောလှပလွန်းသည့်
ကောင်ငယ်လေး ရဲ့မျက်နှနုနုက ပျော်ရွှင်ဝမ်းသာနေရမည့်
အစား တစ်စုံတစ်ခုအားလွန်စွာစိတ်ပူပန်နေသည် ။
လက်ဆစ်တွေချိုးပြီး အော်ဟစ်ပစ်ချင်ကာ ငိုချလိုက်ချင်
ပေမယ့် အတော်ထိန်းပူထားရပုံ ။ အကြောင်းပြချက်က
အခြားတစ်ဖက်ခန်းက ကောင်လေးတစ်ယောက် ။" မ ၊ ကျွန်တော်မကိုပဲချစ်တာသိထားပေး
သူ သူ့ကို့ကျွန်တော်ကဘာမှလုပ်လို့မရအောင် လူသိရှင်ကြား
အကြီးအကျယ်လုပ်ထားတာဗျာ "" ဂျောင်ဂု ၊ မင်းတော်လိုက်တော့ ၊ ရင်အကွဲခံပြီး
လက်လွှတ်ပေးမှာမလို့ မမကိုဒဏ်ရာထပ်မပေးနဲ့တော့
ကလေးရယ် "" ကျွန်တော်တောင်းပန်ပါတယ် မရယ် ၊ ကျေးဇူးပြုပြီး
သုံးနှစ်ပြည့်ရင် မဆီကိုပဲဆက်ဆက်ပြန်လာခဲ့မှာမလို့
မောင့်ကိုစောင့်နေပေးပါနော် "" အဲ့သုံးနှစ်အတွင်း မမကရင်အကွဲခံရတော့မယ် ၊
ဘယ်လိုဖြစ်ပြီးရန်ဖက်ကုမ္ပဏီက ထယ်ယောင်း နဲ့မှလဲ
မောင်ရယ် ၊ တော်ပြီး မမသွားတော့မယ် "ဂျောင်ဂု သူ့လက်ထဲကမမရဲ့လက်ကလေး လွတ်ထွက်သွားပြီး
ဆက်လဲမဖမ်းဆွဲထားမိ ။ စိတ်ပျက်စွာထိုင်ချလိုက်ပြီး
ကင်မ်ထယ်ယောင်း ဆိုတော့လူသားအား အမုန်းကြီး
မုန်းနေမိတော့သည် ။

YOU ARE READING
Contrition ( Complete ) ✓
FanfictionPᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language