Epi - 22

9.1K 627 15
                                    

[Unicode]

ဆိုးလ် ကိုဆိုက်ရောက်တော့မယ့် လေကြောင်းလိုင်း ။ ကောင်းကင်ပေါ်တ တိမ်တို့ကိုကြည့်ရင်း ကိုယ့်ပေါ်မှာ
ဖားလေးတစ်ကောင်လိုကုပ်တွယ်ပြီးအိပ်မောကျနေတဲ့
Vante ဖင်လေးကို ခပ်ဖွဖွပုတ်ပေးလိုက်တယ် ။ ဘေးမှာ
အိပ်မောကျနေတဲ့ ဟျောင်း ကအတော်ပင်ပန်းနေမှာ ။
ခရီးစဉ်တစ်လျှောက်အိပ်မပျော်တာ ထယ်ယောင်း
တစ်ယောက်တည်း ။ ဂျွန့်အကြောင်းအတွေးလွန်ပြီး
မျက်လွှာချမရခဲ့တာ ကိုရီးယားပိုင်နက်လေကြောင်းထဲ
ရောက်လာကတည်းကပဲ ။ အခု ဂျွန် နဲ့တစ်ဖန် နီးစပ်လာပြန်ပြီမလား ။ ပိုဆိုးတာက သားသား ရယ်
ပြီးတော့ ကြားထဲမှာ သတင်းတစ်စုံတစ်ခုမှမကြားခဲ့ရတဲ့
ဂျွန့် ကိုပြန်လည်မြင်တွေ့ချင်နေမိတာ ။

ပထမဆုံး Oversea ထွက်ဖူးတဲ့ သားသား က
တဝိုးဝိုးတဝါးဝါးနဲ့ တစ်ချိန်လုံးအငြိမ်မနေ ။ ခုမှ
ပင်ပန်းပြီး ဟျောင်း ချော့သိပ်မှအိပ်သွားတာရယ် ။
မလာခင်အထိ သူ့အလုပ်တွေရှုပ်နေသေးတဲ့ ဟျောင်း ကလည်း Business class မှာအိပ်မောကျနေတာ ။
အလုပ်နဲ့ပတ်သတ်ရင်အမြဲအထိအခိုက်မခံတဲ့ ဟျောင်း လန်ဒန်မှာအလုပ်တွေပစ်ပြီး ဘာကြောင့် ဆိုးလ် ကို
အတင်းသွားချင်နေရတာလဲတော့မသိပါ ။

လန်ဒန်ကနေထွက်လာခဲ့တာ Flight အကြာကြီးစီးပြီး
မနက်ခင်းပိုင်းမှာပဲ ဆိုးလ်မှာလေယဉ်စိုက်သည် ။
ချစ်ရသူ‌ဂျွန့်အကြောင်းကို ပိုတွေးမိလေလေ သူ့စိတ်တွေ
ပိုပြီးမထိန်းချုပ်နိုင်လေဖြစ်လာတာပဲ ။ Vante ကိုချီပြီး
သူကခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာ နောက်ကဟျောင်း
ကပဲအကုန်လိုက်လုပ်ပေးနေရသည် ။

Taxi ပေါ်ကိုပြန်ရောက်တော့ ဘေးပတ်ဝန်းကျင်ကို
ကြည့်ပြီး သူ့မျက်ဝန်းကကြည်တောက်လို့ ။ မျက်ဝန်း
ထက်မှာပုလဲခပြန်တော့ ဟျောင်း ကသတိထားမိပြီး
Vante ကိုလက်လွှဲချီယူလိုက်သည် ။

ဂျွန် အခုချိန်ဘာများလုပ်နေပြီလဲ ။ ထယ် ကအချိန်တိုင်း
ခေါင်းထဲက နှလုံးသားထဲ စက္ကန့်မလပ်တွေးတော နေ‌မိပေမယ့်
ဂျွန် ကထယ့်ကိုမေ့ပစ်နိုင်ပြီလားလေ ။ နံရံတစ်ခုပဲ
ခြားရင်တောင် ဂျွန့်‌နဲ့အနီးစပ်ဆုံးဖြစ်ရဖို့ ထယ် ကြမ်းပြင်မှာ
လည်းအိပ်စက်ခဲ့ဖူးပေမယ့် အဝေးဆုံးဖြစ်ဖို့ လန်ဒန်ကို
ရင်နာနာနဲ့ထွက်ခွာခဲ့တာ သုံးနှစ်ကျော် ။ တစ်ဖန်ပြန်ပြီး
ဆိုးလ်ရဲ့မြေပေါ်ခြေချမိရင်း ဂျွန့်အကြောင်းတွေးမိတာ
နှလုံးသားတို့ခုန်ပေါက်ပြီး ခြေဖျားလက်ဖျားတွေ
အေးစက်နေတဲ့အထိပဲ ။

Contrition ( Complete ) ✓Donde viven las historias. Descúbrelo ahora