Epi - 30 ( Final )

14.6K 675 42
                                    

[Unicode]

ကုတင်ဘေးမှာ ထိုင်လျက်အိပ်ပျော်နေမိပြီး ဂျွန့်လက်ဘေးနား
မှာခေါင်းချထားမိသည် ။ ဒီခန္ဓာကိုယ်ငယ်လေးကို
ဒီလိုအိပ်စက်ခြင်းမျိုးနဲ့ အသားကျနေသူရယ်ပါ ။ ချစ်ရသူရဲ့
အနီးစပ်ဆုံးနေရာမှာအိပ်ရတာလေ ။ ငြိမ်သက်လွန်းတဲ့
အခန်းထဲ ဂျွန့်နှလုံးခုန်သံကပဲ သူ့အတွက်တေးသွား
ဖြစ်ခဲ့တာပါ ။

" အ့ ... "

လက်ချောင်းတို့ကလှုပ်ရှားလာပြီး မျက်လုံးမှိတ်ကာ
ညည်းညူသည် ။ အအိပ်စက်တဲ့ ထယ်ယောင်း ကချက်ချင်း
နိုးထားလာ၏ ။ သူ့ရင်ထဲ ‌ဂျွန်သတိရလာပြီလား ဆိုပြီး
ဗြောင်းဆန်ကာနေ၏ ။

" ဂျွန် ... ဂျွန် သတိရလာပြီလားဟင် "

ဂျွန့် လက်ကိုသူ့ရဲ့လက်ဖဝါးနုနုတို့နဲ့ တင်းကြပ်စွာ
ဆုပ်ကိုင်ပြီး ဖြည်းညင်းစွာမျက်လုံးပွင့်လာတာကို
စောင့်ကြည့်နေမိသည် ။

တကယ် ... တကယ်ပဲ ဂျွန် ကပြန်နိုးထလာခဲ့တယ် ။
မျက်လုံးတို့ကဝေ့လည်‌ဝေ့လည်နဲ့ ပတ်ဝန်းကျင်ကို
ကြည့်နေတာ ဘေးကထယ်ယောင်းကပျော်လွန်းလို့
ရူးမတတ်ပဲ ။

" ထယ့် ကို တွေ့ချင် "

တိုးလျလျအသံနဲ့ ပတ်လတ်လှန်ပြီးပြောတဲ့ ဂျွန် ။ ထယ်ယောင်း မျက်ရည်တို့ရစ်သိုင်းပြီး ဆုပ်ကိုင်ထားတဲ့
လက်ဖဝါးပြင်ကို ပါးပြင်သို့အပ်ကာ

" ထယ် ဒီမှာရှိတယ်ဂျွန် ... ဂျွန့်ဘေးနားမှာ ထယ်
အမြဲရှိနေတယ် "

" တကယ် တကယ်ပဲ ထယ်လား "

ထယ်ယောင်း ရဲ့ပါးမို့မို့ကို လက်မလေးနဲ့အသာအယာ
ပွတ်ပေးရင်း ပြောတဲ့ဂျွန့်ကိုကြည့်ကာ ထယ်ယောင်း
ခေါင်းတငြိမ့်ငြိမ့် ။ သူ့နည်းတူ ဂျွန့် ပါးပြင်ပေါ်မှာလည်း
မျက်ရည်စက်ကစီးကျလို့သွားသည် ။

" ထယ် ထယ့်ကိုထပ်မတွေ့ရတော့ဘူး ထင်နေခဲ့တာ ...
ကိုယ် ဘယ်လောက်စောင့်နေခဲ့ရလဲ "

" တောင်းပန်ပါတယ်ဂျွန် ... ထယ် အရမ်းကို
မှားသွားခဲ့တယ်မလား "

ထယ်ယောင်း ကိုမျက်ရည်ကြည်တို့ရစ်သိုင်းနေတဲ့ မျက်ဝန်းတို့နဲ့ကြည့်ကာ ဂျွန်က ခေါင်းခါသည် ။
ဂျွန့် လက်ဖဝါးပြင်က အခုဆို ထယ်ယောင်း ရဲ့လက်သွယ်သွယ်ကို ဆုပ်ကိုင်ပေးထားတာ ။

Contrition ( Complete ) ✓Donde viven las historias. Descúbrelo ahora