Epi - 25

9.1K 594 5
                                    

[Unicode]

" ဂါယောင်း အခုဘယ်မှာလဲ "

" မွန်ဂါယောင်းလား စိတ်ပျက်စရာကောင်းတယ်ကွာ
သူမင်းထွက်သွားပြီးမကြာဘူးခြေရာပျောက်သွားတာ "

" သူ့ကုမ္ပဏီဒေဝါလီခံရပြီးရင်တောင် မင်းနဲ့စေ့စပ်ထားတာ
မလား "

ထယ်ယောက်း ကမျက်လုံးလေးဝိုင်းပြီး အသံဖျော့တော့စွာ
ပြောသည် ။ ထိုအခါ ဆူဟိုက မျက်နှာမဲ့ပြီး

" ဟေ့ကောင် မင်းအဲ့တာကြီးထပ်မပြောနဲ့တော့
အစကတည်းကဘယ်လိုအခြေအနေလဲ မင်းသိပြီးသား
တခြားတစ်ယောက်ကိုယ်ဝန်ပါရနေတာ အဖေသိတော့
သူလည်းလက်မခံနိုင်ဖြစ်သွားတာ "

" ဟင်းးး ငါလည်းသနားလို့ပါ သူကမိန်းကလေး
ငါသားကို‌မွေးပြီးပျိုးထောင်ရတုန်းက အရမ်းပင်ပန်းခဲ့တာ
သူအရမ်းကြီးဒုက္ခရောက်သွားမယ်ထင်တယ် "

ခေါင်းလေးငုံ့ကာ သူ့လက်ချောင်းသွယ်သွယ်တို့ကို
ကြည့်ရင်းပြောနေတဲ့ ထယ်ယောင်း ကိုကြည့်ရင်း ဆူဟို
သက်ပြင်းချမိသည် ။

" မင်း အဲ့လောက်သနားတတ်နေရင်လည်းမကောင်းဘူးနော်
ကိုယ့်ဘက်ကိုလည်းပြန်ကြည့်ဦး ငါကတော့ ဘယ်လောက်ပဲ
သူကငါတို့သူငယ်ချင်းဖြစ်ပါစေ တစ်သက်မုန်းသွားမှာ
လူမဟုတ်ဘူး အဲ့ဂါယောင်း က ... ပူလောင်တယ် အားးရှ်
ရေသွားသောက်ရမယ် အေးအေးလေး "

ဆိုဖာပေါ်ကနေထပြီး အိမ်နောက်ဘက်က ရေခဲသေတ္တာ
ဆီကနေ ရေဘူးယူပြီးရေသောက်နေတဲ့ မင်ဆူဟို ။

" အဟမ်း !! ဂျောင်ဂု ကိုကျွန်တော်ပဲမနက်စာ သွားပို့လိုက်ရမလား "

" ဟမ် !! ဟျောင်း ပဲသွားပို့ပါမယ် "

နောက်က ချောင်းလာဟန့်ရင်းပြောတဲ့ အွန်းဝူ ကြောင့်
မနက်စာပြင်ပြီး ဂျွန့် အခန်းဆီသို့သာ သုတ်သုတ်ပြာပြာ
သွားလိုက်ရသည် ။
_____________________________

" ဂျွန် ... "

အခန်းတံခါးကိုဖြေးညှင်းစွာဖွင့်ဝင်ကာ မနက်စာဗန်းလေး
ကိုင်ရင်း အခန်းထဲဝင်လာခဲ့သည် ။ သူ့ကို ဂျွန် လို့ခေါ်လို့
စိုက်ကြည့်နေတဲ့ ဂျွန့်ကြောင့် ခပ်ဟဟသာ ရယ်မောမိ၏ ။

Contrition ( Complete ) ✓Donde viven las historias. Descúbrelo ahora