Extra - 2

7.5K 504 4
                                    

[Unicode]

အိမ်ထဲဝင်လာတဲ့ ဂျောင်ဂု ရဲ့ကားထဲက ချယ်ရင်း နဲ့
နှစ်ယောက်သား မျက်လုံးလေးတွေကြောင်ကုန်ကြသည် ။
အိမ်ခြံဝန်းထဲပတ်ပြေးနေတဲ့ Vante ကချွေးတွေ
ချွဲစိုကာနေသည် ။ ကြည့်ရတာ ထယ်ကအပြစ်ပေးလိုက်ပြီ
ထင်ပါရဲ့ ။ ထယ့် ရဲ့အပြစ်ပေးနည်းတွေကရိုးရှင်းပါတယ် ။
အိမ်ခြံဝန်းကိုပတ်ပြေးတာရယ် အချိန်သတ်မှတ်ပြီး
စာအုပ်တွေဖတ်ခိုင်းတာရယ်ပဲ ။

ချယ်ရင်း ရေဘူးတစ်ဘူးယူလာကာ ခြံထဲဆင်းလာခဲ့သည် ။
အရမ်းကျယ်သည်မဟုတ်သော်လည်း မကျဉ်းတဲ့
ဒီခြံထဲမှာ ပတ်ပြေးရတာ တကယ်မောတယ် ။ ချယ်ရင်း
လည်းပါးပါးစိတ်ဆိုးပြီး အပြစ်ဒဏ်ပြေးရင်ပြေးရလို့
အသားကျချင်သလိုလိုတောင်ဖြစ်နေပြီ ။

" Vante ခဏနားလိုက်ဦး ပြီးရင်ရေသောက် "

" ချယ်ရင်း တီချယ်တို့ကဘာပြောသေးလဲ "

" ဘာမှမပြောပါဘူး ငါကသာတစ်ယောက်တည်းမို့
တစ်မျိုးကြီးဖြစ်နေတာ "

" ပါးပါးကစိတ်ဆိုးသွားပြီ "

မြေကြီးပေါ်ဆောင့်ကြောင့်ထိုင်ချရင်းပြောတော့ ချယ်ရင်း
ကပါထိုင်ပြီး ရေဘူးကမ်းပေးလေရဲ့ ။ Vante
အသက်ပြင်းပြင်းရှုတာ မျက်လုံးတို့ကိုဝေ့ဝိုက်ကြည့်တော့
သူတို့ကိုအပေါ်ထပ်ဝရံတာကနေ လှမ်းကြည့်နေတဲ့ပါးပါးကို
တွေ့ရပြန်သည် ။

" ထင်တဲ့အတိုင်း ပါးပါးကနင့်ကိုရေသောက်ပြီး
နားခိုင်းလိုက်တာ ... ငါသာဆိုလာပေးမလား ပစ်ထားလိုက်ပါတယ် "

ချယ်ရင်းကခပ်ပြုံးပြုံးဆိုတော့ Vante နှုတ်ခမ်းဆူကာ
တစ်ဖတ်လှည့်ပြီး အပေါ်ထပ်ကပါးပါးကို အပြုံးကြီးကြီးနဲ့
ပြုံးပြလိုက်သည် ။ ပါးပါး ကသူတို့ကိုအကြာကြီး
စိတ်ကောက်တတ်တာမဟုတ်ဘူး ။ ပြီးရင် သူပဲအရမ်းဂရုစိုက်တတ်တာ ။

" ငါခဏနားပြီးရင်ဒယ်ဒီနဲ့အတန်းသွားတတ်ရဦးမှာ
နင်ညနေဘက်အတန်း တကယ်မတတ်တော့ဘူးလား "

" မတတ်တော့ပါဘူးဆိုနေမှ "
_______________________________

ဂျောင်ဂု ချယ်ရင်းကိုပြန်ခေါ်ပြီး သူ့သင်တန်းကို
ဝင်ပို့ပေးခဲ့ကာ ဆေးရုံကိုသာမောင်းနှင်လာခဲ့တယ် ။
ညနေဘက်ဂျူတီချိန်ရှိလို့ ချယ်ရင်းကိုကြိုမယ့်သူက
နမ်ဂျွန်းဟျောင်း သာဖြစ်သွားတော့သည် ။

Contrition ( Complete ) ✓Where stories live. Discover now