[Unicode]
ခိုင်မြဲပြီး လူတကာအားကျရတဲ့ အိမ်ထောင်ရေးတစ်ခု ။ ထယ်နဲ့ဂျွန် ရဲ့မေတ္တာရိပ်အောက်မှာ ကလေးငယ်တို့က
အေးချမ်းစွာကြီးပြင်းလာခဲ့သည် ။ တစ်စထက်တစ်စ
ပိုမိုခိုင်မြဲလာတဲ့အချစ်က ကာယကံနှစ်ဦးအတွက်
အင်အားအကြီးဆုံးလို့ ထင်တဲ့အထိပဲ ။ခြံဝန်းကျယ်ကျယ်ထဲ စိမ်းလန်းစိုပြေနေမယ် ။ သူ့ရာသီရောက်ရင် တစ်ခြံလုံးဖုံးလွှမ်းသွားတဲ့အထိပွင့်တဲ့
အိမ်ရှေ့ကမက်မွန်ပင်ကြီးက အခုဆိုအပင်ရိပ်ကောင်းကောင်း
ရတဲ့အထိကြီးပြင်းလာခဲ့ပြီ ။ နွေးထွေးလှတဲ့ ဒီအသိုက်အမြုံလေး ၊ ထယ့်ရဲ့အိမ်မက်လေးက အပိုအလိုမရှိ
အကောင်အထည်ပေါ်လာသလိုပါပဲ ။သူ့ဒယ်ဒီလက်ကိုဆွဲပြီး တတောက်တောက်ပြေးဆော့တဲ့
ကလေးငယ်က အခုဆိုလူပျိုပေါက်အရွယ် ။ ဂျွန်ချယ်ရင်း
ဆိုတဲ့ကလေးငယ်ကလည်း ထက်မြက်ပြီးသိတတ်လွန်းတဲ့
သမီးတစ်ယောက် ။ တစ်လပဲကွာတဲ့ ထယ်ဂုနဲ့ချယ်ရင်းက
အလယ်တန်းပြီးခါနီးရောက်လို့ လူကြီးပေါက်စလေးတွေ
ဖြစ်လို့နေသည် ။ပါးပါးထယ်ကခုချိန်ထိ မပြောင်းလဲသေးဘူးတဲ့ ...
" ထယ့်ကကိုယ်နဲ့စတွေ့တုန်းကလို သိပ်ကိုထက်မြက်ပြီး
လှပလွန်းတဲ့ပန်းတစ်ပွင့်လေးအတိုင်းရှိနေတုန်းပဲ " လို့
ဒယ်ဒီဂျွန်က မရိုးနိုင်တဲ့ချစ်ခြင်းဒဿနိကတွေ ဖွဲ့ဆိုလေ့ရှိတယ် ။ ပါးပါးထက်အသက်နှစ်နှစ်ငယ်တဲ့
ဒယ်ဒီဂျွန်က ခုဆိုလေ့ကျင့်ခန်းတွေပိုလုပ်ပြီး တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်နဲ့ရယ် ။ ပါးထယ်က
ဒယ်ဒီဂျွန့်ရင်ခွင့်ထဲ မကြာခဏအနားယူတတ်တာ ။
သေချာပါတယ် ဒီနှစ်ယောက်က လွန်ခဲ့တဲ့နှစ်တွေကလို
မပြောင်းလဲသေး ။ သိပ်ကိုချစ်တတ်လွန်းတဲ့ လူသားနှစ်ယောက်ပေါ့ ။
_____________________________ပြတင်းပေါက်က လိုက်ကာစဖြူဖြူတို့က လေကြောင့်
တလွင့်လွင့် ။ လှဲလျောင်းနေတဲ့ ထယ်ယောင်း ရဲ့ရင်ခွင်ထဲက
အဖြူရောင်အနှီးထုပ်နဲ့ကလေးငယ် ။ ယက်ကန်ယက်ကန်
လေးဖြစ်နေတဲ့ ပိစိလေးက ဂျွန် နဲ့ပိုတူသလားလေ ။
ပါးမို့မို့ကို ထယ်ယောင်း ရဲ့နှုတ်ခမ်းပါးနဲ့ နူးညံ့စွာနမ်းရှိုက်တော့
သွားဖုံးလေးတွေပေါ်အောင် တခစ်ခစ်ရယ်သည် ။
ထိုအပြုံးပိစိကိုကြည့်ရင်း ထယ်ယောင်း ကပါခပ်ဖွဖွ
ပြုံးရယ်မိရဲ့ ။ ဒီကလေးပြုံးတာတောင် သူ့ဒယ်ဒီဂျွန်နဲ့
ချွတ်စွတ်လေ ။ သူ့အကိုကြီးနဲ့အမကြီး အသဲယားတာလည်း
မပြောနဲ့ ။
YOU ARE READING
Contrition ( Complete ) ✓
FanfictionPᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language