Epi - 3

8.6K 682 5
                                    

[Unicode]

" ဂျွန် ဟိုတယ်ကိုလိုက်ခဲ့ပါလား "

" ဟမ် .. "

ဂျွန် ကသူ့ကိုမျက်လုံးလေးပြူးပြီးကြည့်လာသည် ။
ဟုတ်သားပဲ ဟိုတယ်ကိုလိုက်ခဲ့ဆိုပြီး တုံးတိကြီး
ပြောချလိုက်မှတော့ တစ်မျိုးထင်စရာကောင်းပြီပေါ့ ။
ကင်မ်ထယ်ယောင်း ရေ မင်းဒီကောင်လေးနဲ့‌ဆိုရင်
ပြောမှားဆိုမှား ၊ အမြဲအလွဲလွဲအမှားမှား ဖြစ်တတ်ပါလား ။

" ဟို ထယ် ဆိုလိုချင်တာအဲ့တာကြောင့်မဟုတ်ရပါဘူး
ဂျွန့် ကိုလက်ဆောင်လေးပေးချင်လို့ပါ ၊ အဲ့တာ ဟိုတယ်
မှာကျန်ခဲ့တယ်လေ "

" ကျွန်တော်ကလည်း အဲ့လိုမထင်ပါဘူး ၊ လက်ဆောင်တော့
လက်မခံပါရစေနဲ့ ။ ဘာမှကြီးကြီးမားမား ကူညီပေးဖြစ်တာလဲမဟုတ်ပဲနဲ့ "

သူ့သဒ္ဒါတရားကိုငြင်းပယ်နေတဲ့ထိုကောင်လေး ။ အချောင်
မလိုချင်တဲ့စိတ်ဓာတ်ကြောင့် လေးစားစရာတော့
ကောင်းသည် ။ ဒါပေမယ့် မရဘူးလေ ဂျွန့် ကိုဝတ်စေချင်လို့
ဝယ်ပေးထားတာကိုပဲ ။

" ဒီလိုဆိုရင်ရော ၊ ဂျွန် ထယ့်ကို ကူညီပါလား "

" ပြောပါ တတ်နိုင်‌သလောက်ကူညီမှာပေါ့ "

" လက်ဆောင် ကိုတော့လက်ခံပေးပါ "

" ဘာကူညီပေးရမလဲသာပြော "

" ဘာကူညီပေးရမလဲဆိုတော့ ၊ ထယ် ကဒီမှာ
တစ်ယောက်တည်းလာတော့ တစ်ယောက်တည်းလည်ရတယ်
သူများနိုင်ငံမှာ သူငယ်ချင်းလည်းမရှိ ၊ အထီးကျန်စရာ
ကောင်းလို့ ဂျွန်သာထယ်နဲ့အတူတူ- "

" တကယ်တော့ ကျွန်တော်ကူညီပေးလို့ရတယ်
ခုရက်ပိုင်းဘယ်သွားရမယ်မှန်းမသိဖြစ်နေတာ "

" တကယ်နော် ဂျွန် ၊ ကျေးဇူးအများကြီးတင်ပါတယ် "

" မလိုပါဘူး ထယ် "

" ဒီ့နေ့ပဲ ဟိုတယ်ကိုလိုက်ပြီး ‌လက်ဆောင်ဝယ်ယူသွားမလား
မဟုတ်ရင် ထယ်မနက်ဖြန်ယူလာခဲ့မယ် "

ဂျောင်ဂုတစ်ယောက် ရှေ့ကသူ့ဟိုတယ်ကိုပဲခေါ်နေတဲ့
ထယ်ယောင်း ကိုကြည့်ရင်း ရယ်ချင်စိတ်ကိုမနည်း
ထိန်းထားရသည် ။

Contrition ( Complete ) ✓Où les histoires vivent. Découvrez maintenant