[Unicode]
သူတို့ရဲ့ကော်ဖီဆိုင်လေးမှာ အင်္ကျီဝင်ယူရင်း ခဏထိုင်နေကြသည် ။ မောပန်းနေပေမယ့် ကဖိန်းဓာတ်လေး
ဝင်သွားတော့ လူကမျက်လုံးပိုကျယ်လာသလို ။" ဂျွန့် ညည့်နက်နေပြီ ပြန်လိုက်ပို့ပေးရဦးမလားဟင် "
" မလိုပါဘူး ထယ် ဟိုတယ် ထဲဝင်သွားတာကြည့်ပြီးမှ
ကျွန်တော်စိတ်အေးရမယ်ထင်တယ် "" ဟုတ်ပါပြီ ဟန်းဂုမှာလည်းထပ်တွေ့ကြမယ်နော် "
" ကြားထဲလည်း ဖုန်းဆက်လို့ရတယ်နော် ထယ် "
" အွန်း လက်ဆောင်ပေးထားတဲ့ အင်္ကျီလေးတွေလည်း
ကောင်းကောင်းဝတ်ပါဂျွန်ရေ ဘိုင့်ဘိုင် "သူ့ကိုတာ့တာပြီပြီး ပြုံးပြုံးလေးနဲ့ပြန်သွားတဲ့ ထယ် ။
တစ်နေ့လုံးပျော်ရွှင်ခဲ့ရတာက အခုချိန်မှာအနည်းငယ်တောင်
စိတ်မကောင်းဖြစ်ချင်သလို ။ သူလည်း ဟန်းဂု ကို
ပြန်ရမယ့်ရက်သိပ်မလိုတော့တာကြောင့် အပြန်
ဘတ်စ်မစီးတော့ပဲ လမ်းလျောက်ပြီးပြန်မိတော့သည် ။
ထယ်ဝယ်ပေးတဲ့ အိတ်သုံးအိတ်ကိုဆွဲပြီးတော့ပေါ့ ။
____________________________ခြေလက်သန့်စင်ပြီး အိပ်မယ်ပြင်တော့ ဟျောင်း
ကဖုန်းခေါ်လာတယ် ။ ဂျွန့် ဆီဖုန်းဆက်မလို့ဆိုနေ ။
အခုကတည်းက ဟျောင်း ကသူနဲ့ဂျွန်ကြား ကန့်လန့်ကန့်လန့်
ပါလား ။" ငယ်လေးရေ ... မနက်ဖြန်လောက် ပြန်လာမှရမယ်ထင်တယ် "
" နှစ်ရက်လောက်နေချင်သေးတယ်လေဟျောင်းကလည်း "
" ဟျောင်း ကိုလာမချွဲနဲ့နော် ငယ်ဒီမှာချန်ခဲ့တာတွေ
အများကြီး "" ဟင့် ဒါဆိုလက်မှတ်ဖြတ်လိုက်တော့မယ်ဟျောင်း "
" ဟုတ်ပြီငယ် ၊ ဟျောင်းလာကြိုမယ် "
" ဟုတ် "
" ဒါနဲ့ ဟိုကောင်လေးနဲ့ရော ငယ်လေး "
" ဟိဟိ ဟျောင်းကလည်း လာမေးနေပြန်ပြီ
သူလည်းဟန်းဂုကိုပြန်လာတော့မှာတဲ့ ဟင်း ဟျောင်း နဲ့
ပြောပြီးရင် သူ့ဆီဖုန်းဆက်ရမယ် "" ဟော ခုနတုန်းကအသံနဲ့မတူတော့ပါလားငယ်
တတ်လည်းတတ်နိုင်တယ်နော် "
![](https://img.wattpad.com/cover/283759170-288-k461836.jpg)
VOCÊ ESTÁ LENDO
Contrition ( Complete ) ✓
FanficPᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language