Epi - 24

8.7K 575 9
                                    

[Unicode]

သူ့ခြေထောက်တို့က
အားအင်မရှိတော့သလိုယိုင်နဲ့နဲ့ ။ ငိုထားတဲ့မျက်ဝန်းတို့ရယ်
အသက်မပါသလိုဖြည်းညင်းစွာလမ်းလျှောက်လာတာကို
ဟျောင်း ကမြင်တော့ သူ့ဆီလမ်းလျှောက်ာပြီး ပုခုံးနှစ်ဖတ်ကို
ဆုပ်ကိုင်ကာ ပြော၏ ။

" ငယ် ဘာဖြစ်လာတာလဲ "

" ဟျောင်း ငယ် ... ငယ့် ကိုဘာကြောင့် ကိုရီးယား ကို
ပြန်ခေါ်လာခဲ့တာလဲ "

နှုတ်ခမ်းလွှာပါးပါးက ‌အက်ကွဲလျက်ထွက်လာတဲ့
အသံတို့ကြောင့် နမ်ဂျွမ်း မျက်ခုံးပင့်မိသည် ။ သူ့ငယ်လေး
ဂျောင်ဂုဆီရောက်နှင့်ပြီးသားလား ။

" ငယ် ဂျောင်ဂု ဆီသွားခဲ့ပြီးပြီလား "

" ဟုတ် .. ကိုယ့်ကိုယ်ကိုစိတ်တိုလို့ ငယ် ဘယ်လိုလုပ်ရမလဲ
ဒီကြားထဲ ဟင့် ဂျွန့်ပစ်ထားပြီး ဟျောင်းသာပြန်မခေါ်ရင် "

သူ့ရင်ခွင်ထဲအတင်းတိုးဝင်ကာ တအီအီငိုချနေတဲ့ ငယ်
ကအသံတွေမထွက်တော့တဲ့အထိ ။ ဒီကလေး
ဘယ်လောက် ခံစားလွယ်လဲကိုယ်အသိဆုံး ။ အမြဲနာကျင်ရတဲ့ ငယ်ကြောင့် သူအေးအေးဆေးဆေး
ပြောပြချင်သော်ငြား ခုလိုချက်ချင်းသိသွားလေတော့
ဘယ်လောက်တောင် ‌ခံစားရမလဲလေ ။

" ငယ်လေး တိတ်တော့ ... ဒီမှာအရင်ထိုင်ဦး "

ငယ် ကဆိုဖာပေါ်ခပ်ကျုံ့ကျုံ့ထိုင်ချရင်း တဟင့်ဟင့်
ရှိုက်ငိုနေသေးတာ ။ နှစ်ယောက်စလုံးက ဒီလိုခံစားနေရတာ
မြင်တော့ နမ်ဂျွန်းပါကြားထဲ သက်ပြင်းချရသည် ။

" လန်ဒန်က ကိုယ့်ဆေးရုံမှာ ဂျောင်ဂု လိုရောဂါအကြောင်း
ဆွေးနွေးပွဲတက်ခဲ့ပြီး ဟျောင်း ကိုယ်တိုင်လေ့လာခဲ့ပြီးသား
ပြီးတော့ ငယ့်ကိုအတင်းခေါ်လာရတာလည်းဒါကြောင့်ပဲ
အချိန်ယူပြီး သည်းခံရဦးမှာမလို့ ငယ် ဟျောင်း ပြောတာကို
နားလည်တယ်မလား "

တည်ကြည်စွာပြောနေတဲ့‌ ဟျောင်း ကိုကြည့်ကာ
ထယ်ယောင်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည် ။

" တိတ်တော့ကွာ အပေါ်မှာ Vante လေးအိပ်နေတယ် "

" သားသားကိုဘယ်လိုလုပ်ရမလဲဟင် ကလေးက
သူ့ဒယ်ဒီ ဒီလိုဖြစ်နေတာသိသွားရင် ပြီးတော့ ရုတ်တရတ်ကြီး
အဖေနှစ်ယောက်ရှိတာသိသွားမှာ "

Contrition ( Complete ) ✓Où les histoires vivent. Découvrez maintenant