[Unicode]
" ထယ်ယောင်း "
သူရောက်လာတော့ ဆူဟိုက စားပွဲပေါ်ကနေချက်ချင်း
ထလာပြီး ဖတ်ဖို့ရွယ်သည် ။ လက်ဟန့်ပြီးတားလိုက်တဲ့
ထယ်ယောင်း ကြောင့်တစ်ဖတ်ကလူက အင်တင်တင် ။" မင်ဆူဟို မင်းတကယ်အရမ်းတော်တဲ့ စီးပွားရေးသမား
တစ်ယောက်ဖြစ်နေပြီ "" ထယ်ယောင်း လောက်တော့ဘယ်ဟုတ်မလဲ
ထိုင် ... ကော်ဖီသောက်ဦးမလား "" မသောက်တော့ဘူး လိုရင်းတိုရှင်းပဲပြောရအောင် "
ဆူဟိုကလည်း သူ့ရှေ့က ဆိုဖာပေါ်ဝင်ထိုင်သည် ။ မင်ဆူဟို
ဂါယောင်းရဲ့အချစ်ဦး ၊ ချစ်သူ ၊ စေ့စပ်ထားတဲ့လူ ၊
တိတ်တိတ်ပုန်း ?? အင်း မသိဘူး ။ သူတို့နှစ်ယောက်ရဲ့
ပတ်သတ်မှုက ထယ်ယောင်း တောင်စဉ်းစားရခက်လို့
ကာယကံရှင်နဲ့ကိုယ်တိုင်စကားပြောဖို့ လာတာပဲ ။သူ့အိတ်ထဲက ထွက်လာတဲ့ ဓာတ်ပုံပေါင်းမြောက်မြားစွာ ။
ဂါယောင်း ယောက်ျားလေးပေါင်းများစွာနဲ့ ဟိုတယ်ထဲ
ဝင်သွားတဲ့ပုံတွေ စည်းဘောင်ကျော်နေတဲ့ပုံတွေ ။ဆူဟို ထိုပုံတို့ကိုကြည့်ရင်း ခါးမတ်မတ်ထိုင်ကာ မျက်နှာတည်နဲ့ ထယ်ယောင်း ကိုပြန်ကြည့်လိုက်သည် ။
" ထယ်ယောင်း ဒါဘာတွေလဲ "
" မင်းနဲ့ ဂါယောင်း နဲ့ကစေ့စပ်ထားတာမဟုတ်ဘူးလား "
" အင်း ဟုတ်တယ် "
" ဒါဆိုမင်းရှေ့မှာ သူနဲ့ပတ်သတ်ထားတဲ့ ကောင်လေးတွေ
အကြောင်း အကုန်ပါတယ် တစ်ခုခုဒေါသထွက်တဲ့ပုံတောင်
မမြင်ရပါလား မင်ဆူဟို "" ငါသူနဲ့စေ့စပ်ထားရုံပဲ အိမ်ကအတင်းသဘောတူပြီး
ဂါယောင်းကိုယ်တိုင်က လိုက်ကပ်နေလို့ .. အထက်တန်းကတည်းက ငါ့ကိုမင်းလက်ခံခဲ့ရမှာ "" အဲ့အကြောင်း မပြောပဲနေရအောင် "
" ထယ်ယောင်း မင်းလိုချင်တာပြော "
ထိုအခါ ထယ်ယောင်း ရဲ့အိတ်ကပ်ထဲက ချိုချဉ်တစ်လုံး ။
အခွံခွာပြီး ပါးစပ်ထဲပစ်ထည့်ပြီးမှ သူ့ကိုစကားစပြောဖို့
ပြင်တာကြောင့် ဆူဟို သက်ပြင်းချလိုက်သည် ။ ထယ်ယောင်း ရဲ့ဒီလိုတစ်ဖတ်ခြမ်းကပုံစံကိုမြင်ဖူးတာ
သူတို့ဒီလောကထဲ ဝင်လာမှ ။ သူများတွေလို ဆေးလိပ်
မသောက်ပဲ ချိုချဉ်စားတာကတော့ သူ့အတွက်
အသဲယားစရာ ။
![](https://img.wattpad.com/cover/283759170-288-k461836.jpg)
أنت تقرأ
Contrition ( Complete ) ✓
أدب الهواةPᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language