Epi - 9

7.3K 615 26
                                    

[Unicode]

တစ်ဆစ်ဆစ်ကိုက်ခဲပြီး နာကျင်နေတဲ့ကိုယ်ခန္ဓာကြောင့်
မျက်နှာရှုံ့မဲ့လိုက်သည် ။ ကိုယ့်ဘေးမှာရှိနေတဲ့ ဝတ်စလစ်နဲ့
ရင်ခွင်ကျယ်ကျယ်ပိုင်ရှင်က ဂျွန် ။ အိပ်မောကျနေတဲ့ ဂျွန့်
မျက်နှာချောကို ဖွဖွလေးထိတွေ့ ပွတ်သပ်မိသည် ။

လောဘကြီးချင်စရာကောင်းလိုက်တာ ။ ခန့်ညားလိုက်တာ ။
ထယ်သိပ်ချစ်ရတဲ့ဂျွန်ရယ် ။ ဂါယောင်း‌ကတော့
အတော်ကံကောင်းတာပဲ ။ ထယ့် စိတ်တွေဝေခွဲမရခဲ့ဘူး ။
မနေ့ကညကအထိပေါ့ ။ အခုတော့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲ
ပြတ်သားမိတော့မယ် ။ ချစ်စိတ်တစ်ခုတည်းကို ယုံကြည်အားကိုးပြီး ဖြစ်လာတဲ့အရာတွေကို မျက်စိစုံမှိတ်ပြီး
ထယ် တစ်ယောက်တည်းခံရပါစေတော့ ။ ပိုင်ဆိုင်ရမယ့်
အခွင့်အရေးကို လက်မလွှတ်နိုင်ဘူး ဂျွန်ရယ် ။

အသက်ပြင်းပြင်းရှုတဲ့ အသံကကျယ်သထက်ကျယ်လာတော့
ထယ်ယောင်း ပင်အသက်အောင့်ထားမိသည် ။ ဟိုဘက်ဒီဘက် လှိမ့်ပြီးမျက်လုံးဖွင့်လာတဲ့ ဂျွန့် ကြောင့်
စောင်ကိုရင်ဘတ်အပေါ်အထိ ဆွဲတင်လိုက်မိ၏ ။

" ငါ ငါဒီကိုဘယ်လို ထယ် ထယ်ကရော ဘာကြောင့် ဒီမှာ "

ခေါင်းကိုအသာဖိနှိပ်ရင်းပြောနေပေမယ့် ဘေးပတ်ဝန်းကျင်
ကိုကြည့်ရင်း သတိထားမိသွားပုံရသည် ။

" ကင်မ်ထယ်ယောင်း မင်းနဲ့ငါဘာမှမဖြစ်ခဲ့ဘူး
ဟုတ်တယ်မလား "

‌သူ့ဘေးကဘောင်းဘီတစ်ထည်ကို အလျင်အမြန်
ကောက်စွပ်ကာ ကုတင်ပေါ်ကဆင်းသွားတဲ့ဂျွန် ။ အလန့်တကြား အသံကျယ်ကျယ်နဲ့ သူ့ကိုအော်ဟစ်တော့ ထယ်ယောင်း ခပ်ကျုံ့ကျုံ့သာ ထိုင်နေရ၏ ။

" ညတုန်းကဘာမှမဖြစ်ခဲ့ဘူးမလား "

သူ့ရှေ့မှာရပ်ပြီး စိတ်ကိုအတင်းထိန်းကာ ပြောနေတဲ့သူ ။
ခေါင်းအတွင်တွင်ခါနေမိတဲ့ ထယ် ကုတင်ခေါင်းရင်းကို
တဖြည်းဖြည်းတိုးကပ်သွားသည် ။

" ထယ် ကယောက်ျားလေးပဲ ဘာမှဖြစ်မှာမဟုတ်ဘူး
ဒီကိစ္စကို မရှိခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ရအောင် "

သူ့အင်္ကျီတွေပြန်ဝတ်ပြီး ဂျွန် ကအခန်းထဲက ထွက်သွားဖို့ပြင်သည် ။ အရဲစွန့်ပြီး ထယ့် ပါးစပ်ဖျားက
ထွက်သွားတဲ့ အသံ ။

Contrition ( Complete ) ✓Donde viven las historias. Descúbrelo ahora