Epi - 28

9.5K 612 29
                                    

[Unicode]

ကွေးကွေးလေးအိပ်နေတဲ့ဂျွန် ။ပုံမှန်လေးအသက်ရှူကာ အိပ်စက်နေပုံကငြိမ်းချမ်းသည် ။
ချစ်ရသူရဲ့မျက်နှာချောင်ချောင်က ခန့်ညားမှုတွေ
ခုထိလျော့မသွားသေး ။

နေ့လည်ခင်းက ခေါင်းအရမ်းကိုက်လို့ အော်ဟစ်ကာ
မျက်ရည်တတောက်တောက်ကျခဲ့ရတဲ့ ဂျွန်ရဲ့ပုံစံကို
သူပြန်မြင်ယောင်တော့ ရင်ထဲအောင့်သက်သက်ရယ် ။
ကုတင်ဘေးဒူးထောက်ချကာ ဂျွန့်လက်ဖဝါးထက်က
ဖန်ကွဲစပြတ်ရှရာလေးကို သေချာကြည့်တော့
အနာရင်းချင်နေတာ ။ အနာရှိန်ကြောင့် နေမကောင်းဖြစ်ရင်
သူပဲရင်ကျိုးရချည်ရဲ့ ။

ယူလာတဲ့အရက်ပြန်ကို အနာပေါ်တို့ထိလိုက်တော့
စပ်လို့လှုပ်ရှားသွားတဲ့ ဂျွန့်ခန္ဓာကိုယ် ။

" အိုးး ဆောရီးပါဂျွန်ရယ် "

အနာပေါ် ‌နှုတ်ခမ်းလေးထော်ကာ လေတဖူးဖူးမှုတ်ပေးနေမိသည် ။ ဂျွန် ကတစ်ရေးနိုးလာရင်
ပြန်မအိပ်တတ်တာသူအသိ ။ ပလာစတာလေး ကပ်ပေးပြီးလို့
ပြန်ထလိုက်တော့ မျက်လုံးဖွင့်ကာ စိုက်ကြည့်နေတဲ့
ဂျွန့် ကိုတွေ့သည် ။

" လန့်သွားတာပဲ ... နိုးနေတာလားဟင် "

ထိုအခါ ခေါင်းတငြိမ့်ငြိမ့် ။ ဂျွန့် ရဲ့အခုပုံစံက ကလေးငယ်လို
ချစ်ဖို့ကောင်းလွန်းတယ် ။ ဘာကိုမှမသိပဲ ခေါင်းညှိမ့်ခေါင်းခါ
လုပ်နေတဲ့ ကလေးတွေလိုလေ ။ သားသားနဲ့ဆို
တစ်ပုံစံတည်း ။

" အနားကပ်လို့ဆိုပြီး မရိုက်တော့ဘူးပဲ "

" ထယ်က ကိုယ့်ကိုကောင်းပေးထားတဲ့လူကို
နာအောင်မလုပ်ရဘူးတဲ့ "

" ထယ့် စကားတော့နားထောင်သားပဲနော် "

ကုတင်ပေါ်ငုတ်တုတ်လေးထိုင်ပြီး မျက်လုံးလေးပြူးကာ
စိုက်ကြည့်နေတဲ့ ဂျွန် ။ ဒီနှစ်ယောက်က
မျက်လုံးလေးတွေဝိုင်းနေရင် သိပ်ချစ်စရာကောင်းတာများ
ထယ်‌ယောင်း သိပ်အသဲယားရသည် ။
_______________________________

ကုန်ဆုံးလာတဲ့အချိန်တွေကြား ဂျွန် ကအတော်သက်သာလာပြီ ။ စကားပြောတာတွေပိုပြီး
အဆင်ပြေလာသလို သားသားနဲ့ဆို ဂျွန့် ရယ်သံလွင်လွင်
တို့ကပျံ့လွင့်နေတတ်သည် ။ အခုတလော ခေါင်းခဏခဏ
ကိုက်နေတတ်လို့ ဘေးမှာထယ်ယောင်း ကအရိပ်တကြည့်ကြည့် ။ သားကလည်း ခုဆိုဂျွန်မှဂျွန်
ဖြစ်နေတာရယ် ။ အဲ့သားအဖနှစ်ယောက်က တည့်လွန်းလို့
ထယ်ယောင်း နှုတ်ခမ်းထော်ရတဲ့အထိ ။

Contrition ( Complete ) ✓Donde viven las historias. Descúbrelo ahora