Epi - 23

8.9K 607 24
                                    

[Unicode]

(အရင်အပိုင်းလေးပြန်ဖတ်ပြီးမှဖတ်ပါရှင် ။ request
တာပါ ။ အပ်ပုဒိတ်မလုပ်တာလည်းကြာတော့ ။ )

ဂျွန့် ခါးကိုတင်းကြပ်စွာဖတ်တွယ်ရင်း မျက်ရည်ကျမိတယ် ။
သို့သော်ငြား ဂျွန်ကလက်တို့ကိုဖယ်ခွာချရင်း သူ့ကို
စိတ်ဆိုးသလိုကြည့်၏ ။

" မင်းငါ့ကိုမထိနဲ့လို့ !! ထယ်မြင်ရင်စိတ်ကောက်လိမ့်မယ် "

သူစိမ်းဆန်တဲ့စကားတွေကြောင့် အံ့ဩကြီးအံ့ဩကာ
ခြေနှစ်လှမ်းခန့်နောက်ဆုတ်လိုက်သည် ။ ရုတ်ချည်း
ခန္ဓာကိုယ်ကလှုပ်ရှား‌မှုမရှိတော့သလိုခံစားနေရပြီး
အခြေအနေတွေဆက်စပ်ပြီး မတွေးနိုင်တဲ့အထိ
ရှေ့က အခြားသူတစ်ယောက်လိုပြုမူနေတဲ့ ဂျွန့် ကို
မျက်ရည်ရွှဲကာကြည့်နေမိသည် ။ ဘေးက အွန်းဝူ နဲ့
မင်ဆူဟို ကသူ့ကိုတွေ့တော့ဘာစကားမှမပြောပဲ ဂျွန့်
ကိုထိန်းချုပ်ထားတာ ။

ရုတ်တရတ် အွန်းဝူလက်ထဲက ဆေးထိုးအပ်သေးသေးကို
သူမြင်လိုက်သည် ။ ဂျွန့်အသားထဲထိုးသွင်းဖို့လုပ်နေတာ
မြင်တော့ သူခေါင်းခါကာအော်ဟစ်ရင်း တွန်းဖယ်မိ၏ ။
ဘယ်ဆီအရပ်ကိုကြည့်နေမှန်းမသိ မျက်လုံးသေနဲ့ ဂျွန် က
"ထယ့်ဆီသွားမယ်" ဟုသာ တဆာဆာပြောနေသည် ။
အရှိန်နဲ့‌လဲကျသွားတဲ့အွန်းဝူရဲ့လက်ထဲက ဆေးထိုးအပ်ကို
စိတ်ဆိုးမာန်ဆိုးယူပြီး အဝေးကိုလွှင့်ပစ်ကာ အခြားလမ်းဖက်ကို ပြေးထွက်သွားတဲ့ ဂျွန့် နောက်
သူပြေးလိုက်နေမိတာ ။ မျက်ဝန်းထဲက မျက်ရည်တို့က
သူနဲ့အဆက်ဖြတ်ဖို့အစီအစဉ်မရှိဘူးထင်ပါရဲ့ ။

ထယ့်ဘဝငြိမ်းချမ်းပြီထင်ခဲ့တာ ။ သုံးနှစ်တာလုံးလုံးတောင်
အမြဲနာကျင်ခဲ့ရပြီး သားကြီးလာရင်သူပျော်ရမယ်ထင်တာ ။

" ဂျွန် !!!!!!  "

ခြေဗလာနဲ့ပြေးလွှားနေတဲ့ ဂျွန့် နောက်အမှီလိုက်ရင်း
ခါးကိုပြေးဖတ်ကာ သူအော်ဟစ်ရင်းရှိုက်ငိုမိသည် ။
သူ့နည်းတူမျက်ရည်ကျနေတဲ့ ဂျွန် က‌အပ်ပေါက်ရာတွေ
အပြည့်ဖြစ်နေတဲ့ လက်နဲ့အတူဖယ်ခွာပြန်၏ ။ အမြဲ
ချစ်‌မေတ္တာအပြည့်နဲ့ ဂျွန် ကသူစိမ်းဆန်တဲ့အကြည့် ၊
သူမလိုချင်တဲ့အပြုအမူတို့ကြောင့် ထယ်ယောင်း ရဲ့
ရင်ထဲတစ်စဆီ ။

Contrition ( Complete ) ✓Dove le storie prendono vita. Scoprilo ora