Epi - 27

9.4K 613 2
                                    

[Unicode]

သားသားနဲ့ဂျွန်နဲ့သိပ်ကိုအဆင်ပြေပြေရှိလွန်းတယ် ။ အမြဲ
လူစိမ်းနဲ့တွေ့ရင် ခင်တယ်မဟုတ်ရင်တောင် စိမ်းနေတတ်တဲ့
သားကဂျွန်နဲ့မနေ့က အတူကစားခဲ့တာ ။ ဂျွန် ကလည်း
သားကိုတစိမ့်စိမ့်ပြုံးကြည့်နေရတာမြင်တော့ ထယ်ယောင်း
ရင်ထဲတသိမ့်သိမ့် ။ သွေးကစကားပြောတယ်ပဲ ဆိုရလေမလား သူ့ဘာသာသူငြိမ်ငြိမ်ကုပ်ကုပ်လေး
ဆော့နေတဲ့သားကို ဂျွန်ကခပ်ပြုံးပြုံးထိုင်ကြည့်နေတာရယ် ။

အရင်ကလို စစ်စတာတို့ဆီသူငယ်ချင်းတွေအများကြီးနဲ့
ဆော့ဖို့ရာကို ငြင်းဆန်ပြီး မနေ့ကဆီကိုပဲသွားမယ်လို့
ကလေးစကားနဲ့ Vante ကတတွတ်တွတ်တောင်း‌ဆိုတော့
ထယ်ယောင်း လည်းမသက်သာပဲခေါ်လာခဲ့ရသည် ။
လမ်းမှာတွေ့တဲ့ ငါးပေါင်မုန့်လေးပါဝယ်ရင်း သားက
ကားပေါ်မှာ မြုံ့စိမြုံ့စိဝါးလို့ ပါးဖောင်းဖောင်းတက်နေတာ
လေးကချစ်စရာ ။

" ပါး မြန်မြန်မောင်းပါ "

ဒီတစ်လက်တစ်ဆစ်နဲ့ကလေးငယ်က တစ်ခုခုဆို
အရမ်းအလျင်လိုတတ်သေး ။ အိမ်ကိုရောက်တော့
ကားပါကင်ထိုးပြီးပြီးချင်း သူလေးကမုန့်ထုပ်လေးဆွဲကာ
ရှေ့ကနေကော့တော့ကော့တော့နဲ့ ပြေးထွက်သွားတော့
ထယ်ယောင်း နောက်ကနေရယ်မောရင်းသာ
အိမ်ထဲဝင်လာလိုက်သည် ။

" ပါး ... မနေ့ကဦးဦးရော Vante တွေ့ချင် "

" ရှိမှာပေါ့သားသားရဲ့ ဦးဦးအွန်းဝူကိုမေးကြည့် "

ဂျွန့် ကိုသားသားက‌မနေ့ကဦးဦးဆိုပြီး မှတ်ထားသည်ထင် ။
သူ့လက်ထဲကမုန့်ထုပ်လေးကျစ်ကျစ်ဆုပ်ကိုင်ကာ
ဂျွန့် ကိုမုန့်ကျွေးချင်နေသည့်ပုံ ။ မျက်လုံးလေး
ကလယ်ကလယ်နဲ့ အွန်းဝူကိုရှာနေသည် ။

" အိုးးး ... ဦးဦးရေ မနေ့ကဦးဦးဘယ်မှာလဲ
သိနိုင်မလားဗျ "

ကိုရီးယားလိုအဆီအငေါ်မတည့်တဲ့ သားရဲ့စကားတို့က
ယဉ်ကျေးပြီးချစ်စရာကောင်းလှသည် ။ သားရဲ့
ပါးဖောင်းဖောင်းကို အွန်းဝူကပြုံးရယ်ပြီး လက်နှင့်ညှစ်ကာ

" အပေါ်ကသူ့အခန်းထဲမှာရှိတာပေါ့ ‌တွေ့ချင်လို့လား "

" ဟုတ်ကဲ့ ... တီချယ်ယူဂျင်းရဲ့မေမေဖွားဖွားလုပ်ပေးသလို
မုန့်လေးပေးချင်လို့ပါ "

Contrition ( Complete ) ✓Donde viven las historias. Descúbrelo ahora