Epi - 13

7.9K 604 29
                                    

[Unicode]

အလုပ်ရှုပ်နေတဲ့ ထယ်ယောင်း ကညဘက်အချိန်
နောက်ကျမှပြီးသည် ။ သူအလုပ်တွေပြီးတော့မှ တိတ်ဆိတ်နေတဲ့ အိမ်ကြီးကိုသတိထားမိ၏ ။ တစ်ခန်းဝင်
တစ်ခန်းထွက် လိုက်ရှာမိသော်လည်း ဂျွန့် ကိုမ‌တွေ့ပါ ။

စိတ်ထဲတွေးနေမိတာ မကောင်းတဲ့အရာတွေ ။ ကော်ဖီနွေးနွေး
တစ်ခွက်ဖျောက်ပြီး လက်ဖဝါးတို့နှင့်ဆုပ်ကိုင်ထားပြီး
အနွေးဓာတ်ပေးနေမိသည် ။ တတီ‌တီ‌ဖုန်းခေါ်နေပေမယ့်
ပြန်လည်ဖြေကြားခြင်းမရှိ ။ ဂျွန် ကသူစိတ်ပူရအောင်
အရမ်းလုပ်တာပဲ ။

" ဂျွန် မြန်မြန်ပြန်လာပါတော့ "

အိမ်ရှေ့မှာ စိုက်ခဲ့တဲ့မက်မွန်ပင်လေးက အတော်ကြီးလာလေပြီ ။ ထိုအပင်လေးဘေးက ခုံဖြူဖြူပေါ်
ထိုင်စောင့်ရင်း ဂျွန့်အလာကိုမျှော်နေမိ၏ ။ နောက်ကျောမလုံ
ဖြစ်ပြီး ဂျွန်မရှိတော့လုံခြုံမှုမရှိသလိုဖြစ်နေတာ အခုသူ့ပုံက
သရဲပုံပြင်နားထောင်နေရတဲ့ ကလေးငယ်လို ။

အိမ်ထဲမှာထက် ခြံမီးတွေထွန်းထားတဲ့ အိမ်ခြံဝန်းထဲမှာ
သူစောင့်နေတာအတော်ကြာ ။ ညဘက်လေပြည်အေးတို့က
အေးစိမ့်နေလို့ ညဝတ်အင်္ကျီအဖြူရောင်ပါးပါးထက်
အပေါ်ထည်လွှမ်းခြုံရပြန်သည် ။

" ဂျွန် အိမ်ပြန်မလာသေးဘူးလား ဟင့် "

အသံမက်ခ်ျေ့ပို့တာ ဘာမှပြန်မရနိုင်ပေမယ့် ဂျွန်
ဖွင့်ဖတ်မိမှာပါ ။ သူနဲ့ဂျွန်ရဲ့စာပို့ထားတာတွေအထဲ ထယ်ယောင်း ဘက်ကသာရေပတ်မဝင်ပြောထားပေမယ့်
ဂျွန်တုံ့ပြန်မှုတွေ တစ်ခုမှမရှိခဲ့ ။

လက်ဖဝါးနှစ်ဖတ်ကိုပွတ်တိုင်ရင်း ခြံဝန်းကထိုင်ခုံပေါ်
ဇာတ်လေးစောင်းပြီး မျက်လွှာချလိုက်မိတဲ့ ထယ့် မျက်နှာကို
ကားမီးရောင်က စူးစူးရှရှဝင်ရောက်လာသည် ။

" ဂျွန် ပြန်လာပြီလား "

ကားပေါ်ကနေ ယိုင်နဲ့နဲ့ဆင်းလာတဲ့ ဂျွန့် ဘေးမှာ အွန်းဝူ
ကတွဲခေါ်လာပေးသည် ။ ပင်ပန်းပြီး မျက်လွှာချထားကာ
ဂျွန် ရဲ့ဒီလိုပုံစံကြောင့် ထယ်ယောင်း ကြောက်လန့်မိသည် ။

" ဒီကောင်ဘယ်လိုဖြစ်တာလဲမသိဘူး အိမ်ရောက်လာပြီး
သောက်သွားတာ ဟျောင်းရယ် "

Contrition ( Complete ) ✓Kde žijí příběhy. Začni objevovat