Part.1(U & Z)

159 12 1
                                    

ပါးပြင်ပေါ် ညင်သာစွာဖြတ်ပြေးသွားသည့် နူးညံ့ပါးလွှာသော အထိအတွေ့များ ။

မျက်ခွံပေါ်ကပ်ကျန်နေခဲ့သော အဖြူရောင်ပွင့်ချပ်လေးဟာလေအဝှေ့မှာ လိုက်ပါစီးမျောသွားလေသည်။

နားထဲ၌ တချွင်ချွင်ကြားနေရသော ချူသံ ။

သဘောတကျ ရယ်မောနေသော အသံသဲ့သဲ့ကို ရင်းနှီးစွာကြားဖူးနေသလိုလို... ။

အချိန်အကြာကြီးမေ့နေတဲ့ တစ်စုံတစ်ရာက အာရုံထဲပြန်ပေါ်လာသလိုလို ...။

တစ်ချက်မှ မတုန်လှုပ်မိပေမယ့် ကြောက်စရာကောင်း
တယ်လို့ မှတ်ယူနေတဲ့ခံစားချက် ။

ဒါနဲ့ မျက်နှာပေါ် တဖြတ်ဖြတ်လာရိုက်နေတဲ့ နူးညံ့တဲ့အထိအတွေ့ဟာ ဘာများလဲ။

တစ်စုံတစ်ယောက်ကတော့ အာရုံပျက်အောင် တမင်များ
ဖန်တီးနေလေသလား ။

စူးစမ်းချင်စိတ်ကို မထိန်းနိုင်တော့တာကြောင့် အချိန်‌
အတော်ကြာ စေ့ပိတ်ထားသော မျက်လုံးများကို
ဖွင့်လိုက်တော့သည်။

မျက်လုံးနှစ်လုံးကို ဖွင့်ဖွင့်ချင်းမြင်လိုက်ရဟာ အရင်နှင့်ကွဲပြားစွာ ထူးဆန်နေသာ မြင်ကွင်း တစ်ခု ။

ထို ထူးဆန်းနေသော အခြေအနေကြောင့် မျက်ဝန်းအိမ်မှအလိုလို မျက်ရည်များကျဆင်းလာတော့သည်။

ပွင့်ဖက်တွေ..? ပန်းတွေ ကြွေနေတယ်...

အံဩတာလား ပျော်ရွှင်တာလား ကိုယ်တိုင်တောင်မသဲကွဲတော့ပါ။

ဒီပန်းတွေ ကြွေသည်တဲ့လား ...🌸

' နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့ Baekhyun ...'

💜🌸💜

•°•°•°•°•°•°•°•°•°•°•

ခရမ်းရောင် အခိုးအငွေ့တစ်စုံတစ်ရာသည် ရေစီးကြောင်း‌၏ခေါ်ဆောင်ရာအတိုင်း လိုက်ပါသွားခဲ့သည်။

💜
🌸
💜

°•_[ Xiao အိမ်တော် ]_•°

တန်ဖိုးကြီး သစ်သားကို အသုံးပြုကာ လှပသေသပ်စွာ ရေးသားပုံဖော်ထားသည့် စာလုံးတို့ကို ဝင်ပေါက်၌ ခမ်းနားစွာ ချိတ်ဆွဲထားလေသည်။

Your Guidance 🦋Where stories live. Discover now