Part.19 (U & Z)_ END_

46 1 1
                                    

' chanyeol !'

' ဟင် !?'

ရုတ်တရက်ကြီး အနောက်မှာလည်း ပေါ်လာသေးတယ် ။ မရောက်လာသေးတည်းက chanyeol ကို အရင်တလာသေးတယ် ။အလောတကြီးနဲ့ ပျာယာ ခတ်လာပြန်သည့် Jongin.

' ဘာဖြစ်လာတာလဲ '

' မင်းနဲ့ kyungsoo  နန်းတော်ကိုပြန်တော့ ...'

' ဟမ် ?'

' Baekhyun ကတဖြည်းဖြည်း မှတ်မိလာနေပြီ ... Xiao Lu Han ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြာကြာနေလို့မရတော့ဘူး...သူ့ရဲ့ ဝိညာဉ်ကို 11 နှစ်ကနေ 2 ရက်အတွင်းမှာ15 နှစ်ဖြစ်အောင် လုပ်မှဖြစ်မယ် '

' ဖြစ်နိုင်လို့လား Jongin ရယ်...ဝိညာဉ်အရွယ်က မမှီလည်း အရမ်းပြဿနာမဟုတ်ဘူးထင်တာပဲ '

' ဖြစ်အောင်လုပ်ရမှာပေါ့... အချိန်ဆွဲနေလို့မရတော့ဘူး'

' မင်းအတွက်ပြောတာ ..'

' ဒီအခြေအနေထိ ရောက်ပြီးမှတော့ ငါ့အတွက် စိတ်ပူမနေပါတော့ ....ဘာပဲဖြစ်ဖြစ် ငါ နန်းတော်က ထွက်လာတာလည်း ကြာပြီ နောက်ဆို ငါမရှိရင်လည်း  chanyeol,  မင်း တစ်ယောက်တည်းလည်း ကောင်းကောင်း အုပ်ချုပ်နိုင်ပါတယ် ...မင်းက ဆက်ခံသူ အစစ်မဟုတ်ပေမယ့် အကြီးအကဲဖြစ်ဖို့ အများကြီးလေ့ကျင့် သင်ကြားခဲ့ရတာပဲမဟုတ်လား ... '

' ဘယ်ကနေ ပြန်လာမှန်းမသိဘဲ ... ဘာတွေ ပြောနေတာလဲ မင်းက ဒုတိယ အုပ်ချုပ်သူလေ မင်းရဲ့တာဝန်တွေ သက်သက်ရှိတယ်လေ ...ဘာအတွက် အားလုံးကို ငါ့ဆီ လွှဲနေရတာလဲ ...'

' မင်းလည်း သိတာပဲ chanyeol ah...ငါ နန်းတော်ကို ပြန်လာနိုင်ပါ့မလားဆိုတာ မသေချာဘူးလေ '

' အပိုတွေ မပြောနဲ့ ...မင်းလုပ်ချင်တာတွေ အဆုံးထိလုပ်ပြီးသွားရင် လစ်ဟင်းသွားတဲ့ တာဝန်တွေ ပြန်လာထမ်းဆောင်လှည့် ...သွားမယ် kyungsoo '

Chanyeol လက်ဆွဲခေါ်ရာကို မအူမလည်နဲ့ ပြန်လိုက်ပါသွားရသူကတော့ kyungsoo ရယ်ပါ။ သူ့ခမျာ စိတ်ပူတာကလွဲရင် ဘာလုပ်ပေးရမှန်းမသိ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ။

Chanyeol ah..မင်း အဲ့ဒါကြောင့် Baekhyun နဲ့ ဝေးခဲ့ရတာ ...စိတ်ပူတာကို စိတ်ပူတယ်လို့ နားဝင်ချိုအောင် မပြောနိုင်ပါလား ။

Your Guidance 🦋Where stories live. Discover now