Part.16 ( U & Z)

44 3 0
                                    

အခန်းကျယ်တစ်ခု အတွင်း ကုတင်ပေါ်အိပ်မောကျနေသော ကောင်လေးနှင့် အနား၌ ရှိနေသော လူများ။

' အိမ်ရှေ့စံကို လိမ်ညာမိခဲ့တဲ့အတွက် တောင်းပန်ပါတယ် '

' တကယ် နားမလည်ဘူး '

' အရှင့်သား ကိုယ့်ကိုယ်ကို ဖိအား မပေးပါနဲ့ ... Xiao Lu Han က ကျင့်ကြံတဲ့နေရာမှာ ပါရမီ ရှိတဲ့ကလေးလို့ သိထားရင်ရပါပြီ ဒါပေမဲ့ သူ့ကို ရှေ့ဆက်မလုပ်ခိုင်းသင့်တော့ဘူး '

' အဲ့ဒါကို နားမလည်တာ ...ပါရမီရှိတဲ့သူဆိုရင် သင်လွယ် တတ်လွယ်ရှိရမှာ မဟုတ်လား ဘာလို့ သူက ဆက်ပြီးလေ့လာလို့ မရတာလဲ '

Zhan Yixing တို့ အိမ်ရှေ့စံကို စတွေ့ခါစက ဘာကိုမှ အမှန်အမှား မခွဲခြားနိုင်သေးတဲ့ 12 နှစ်အရွယ် ကလေး တစ်ယောက်ပါ ။ အခုတော့ ဘာကိုမှ ကွယ်ဝှက်ထားလို့မရတဲ့ လူကြီးတစ်ယောက်အသွင်ကို ရောက်နေခဲ့ပြီ။

' အိမ်ရှေ့စံကို အများကြီးတော့ မရှင်းပြနိုင်ဘူး အထုံပါရမီဆိုတာ အတိတ်ဘဝက လေ့လာပြီး ကျွမ်းကျင်တတ်မြောက်ခဲ့တဲ့ ပညာပါ အခုဘဝမှာ ခန္ဓာကိုယ်အသစ် နဲ့ ပြန်လေ့လာတဲ့ အခါ သင်လွယ် တတ်လွယ်ရှိတာမျိုးလည်း ဖြစ်တတ်သလို တစ်ခါမှ မစမ်းကြည့်သင့်တဲ့ အရာမျိုးလည်း ဖြစ်တတ်တယ် ... အတိတ်နဲ့ လက်ရှိကာလတွေ ချိတ်ဆက်သွားတာကို ကာယကံရှင်က သေချာ မထိန်းချုပ်နိုင်ရင် အသက်အန္တရာယ်ရှိပါတယ် ...ဒီနေ့ ဖြစ်သွားသလိုပေါ့...'

Sehun တစ်ယောက် နားမလည်ပေးနိုင်တာတစ်ဖက် ကိုယ်လေ့ကျင့် သင်ကြားပေးနေတဲ့ သူက ကိုယ့်ထက်ပါရမီရှိနေလို့  ရင်ထဲ အောင့်သက်သက် ဖြစ်နေတာက တစ်ဖက် ။

မနာလိုတာမျိုးတော့လည်း မဟုတ်ပြန်ဘူး ။

လူတွေရဲ့ ခံစားချက်တွေကလည်း ရှင်းပြဖို့တော့ ရှုပ်ထွေးသားပဲ ။

စေ့စေ့ပိတ်ထားတဲ့ မျက်လုံးတွေ ဖြတ်ခနဲ ဖွင့်လိုက်ပြီးတော့ မိုးတွေ တဖွဲဖွဲကျနေတဲ့ ကောင်းကင်းကို အဆုံးမရှိသလို ငေးကြည့်ရင်း ပြန်ပိတ်ကျသွားတဲ့ မျက်ခွံတွေဟာ အခုထိ ပွင့်မလာခဲ့သေးဘူး။

ဒီလို အိပ်ရာထဲမှာ လှဲလျောင်းနေတာကို မကြိုက်ဘူး။
ပိုပြီးတော့ ငါ့ကြောင့်နဲ့ ဒီလို လှဲနေရတာဆို ငါ့ကိုယ်ငါ မုန်းတယ် ။ Xiao Lu Han ပြန်ထလာခဲ့ ။ ငါ့ကိုယ်ငါ မုန်းမိအောင် မလုပ်ပါနဲ့ ။

Your Guidance 🦋Where stories live. Discover now