Part.5 (U & Z)

24 4 0
                                    

_ကုမုဒြာကြာပန်း _

🌸တောအုပ်လေးထဲက ရေကန်မှာ
     ကုမုဒြာကြာပန်းတွေရှိတယ်... ကုမုဒြာဆိုတာ ...
     လရောင်နဲ့မှ လန်းတဲ့ပန်းလေ 🌸

Luhan တို့သူငယ်ချင်း သုံးယောက် တောအုပ်ထဲက
ရေကန်ရှိရာဆီ ပြေးသွားကြသည်။

ငယ်ငယ်တုန်းက နယ်လွန်အောင်ထွက်ဆော့ကြရာမှ
ရေကန်ကို ရှာတွေ့ခဲ့ကြသည်။ တစ်နေ့ တစ်နေ့ အိမ်ကမသိအောင် ခိုးထွက်‌ကစားကြရင်း ထိုရေကန်လေးဟာ luhan တို့ရဲ့ လျို့ဝှက် နေရာပင်ဖြစ်သည်။

ရေကန်မှာ ကြာဖူးတွေသာ မြင်ရပြီး ပန်းပွင့်နေတဲ့
အခါရယ်လို့မရှိခဲ့ပါ ။

လပြည့်နေ့တစ်နေ့ မီးထွန်းပွဲတော်မှာ ယခုကဲ့သို အိမ်ကမသိအောင် ရေကန်ရှိရာကို ခိုးထွက်ခဲ့ကြပြီး ထိုအခါမှသာ လရောင်ကြောင့် ဖြာနေအောင်ပွင့်လန်းနေတဲ့ပန်းကို
မြင်ခဲ့ကြရသည်။

ကုမုဒြာကြာက လထွက်တဲ့အချိန်ကိုစောင့်ပြီး လရောင်ထိမှပွင့်သည်က မထူးဆန်းပေမယ့် ကလေးဘဝမှာတော့ အဆန်းတကျယ်ပင်။

တောအုပ်ထဲက အန္တရာယ်ကိုတော့ အိမ်ကသိလို့အဆူခံရမှာလောက်တောင် မကြောက်ခဲ့ကြပါဘူး။

Luhan ရေကန်ဘောင်ပေါ်တတ်ကာ ပန်းတစ်ပွင့်ကို
လက်နဲ့ ခပ်ဖွဖွ ထိလိုက်သည်။

' လှလိုက်တာ ...'

' လရောင်ဖြာကျနေတာရယ်...ကြာပန်းရယ် ...နောက်ပြီး
တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ရယ်...နည်းနည်းအေးစိမ့်စိမ့်နဲ့..
တိတ်ဆိတ်နေတာပဲ '

ရွယ်တူ သူငယ်ချင်းဖြစ်သူမှာ ပတ်ဝန်းကျင် အခြေအနေကိုတစ်ခုချင်း ခံစားကြည့်နေသည်။

ရင်းနှီးနေတဲ့ နှင်းဆီမွှေးအနံ့ သင်းသင်းလေးက နှာခေါင်းထဲထိ တိုးဝင်လာပြန်သည်။

' Xiao lu ...'

' ဟင် ?'

' မင်းစာသင်သွားတဲ့အချိန်တွေဆို ငါတို့နှစ်ယောက်တည်းမို့
ဒီကို သိပ်မလာဖြစ်ဘူး...နောက်ပြီး မိုးရာသီဆိုလည်း
မလာဖြစ်ဘူး ...ဒါတောင် ဟိုတစ်နေ့က ငါတို့ လာပြီး
ခြုံတွေရှင်းထားတာလေ '

Your Guidance 🦋Where stories live. Discover now