ကောင်းကင်က ပြာလဲ့နေပြီး လေညှင်းကတဖြူးဖြူးနှင့် ရာသီဥတု သာယာနေ၏။
Jongin ရှိသော နတ်နန်းရှေ့ကို ခြေစုံရပ်လိုက်သည်။
၅ ရက်ကြာအောင် အဆက်အသွယ်မရဘဲ အသံပျောက်နေသူကို chanyeol တကယ် အံဩနေပါပြီ။ ရုပ်ထုတစ်ခုသာရှိတဲ့ နတ်နန်းမှာ သူဘာတွေ အလုပ်ရှုပ်နေသလဲ ။ တကယ်ပဲ နန်းတော်ကို စိတ်ကုန်သွားတာလား။
' Jong....'
' ဆော့မနေနဲ့ Xiao Lu Han...အဲ့တာ အရက်တွေ !'
ခေါ်မလို့ ရှိသေး ဆူငေါက်အသံအရင်ကြားရနေပြီလား။
နောက်ပြီး နားကြားမမှားပါဘူးနော် Xiao Lu Han တဲ့
Xiao Lu Han က စာသင်အိမ်တော်မှာ မဟုတ်လား။
ဘယ်တုန်းကဒီကို ရောက်နေတာလဲ ။
နတ်နန်းထဲမှာ ဘယ်ကလေးက လာဆော့မှာလဲ ။Chanyeol အတွေးထဲမှာ မေးခွန်းများတန်းစီပေါ်လာခဲ့ပြီ။ အရှေ့က လှမ်းမခေါ်ဘဲ ကိုယ်တိုင်ဝင်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။
' ငြိမ်ငြိမ်ထိုင်နေ ...ခဏနေ ပန်းသီးနဲ့ သကြားခဲပေးမယ် '
နတ်ရုပ်ထုအနောက်ကနေ ထွက်လာတဲ့အသံကြောင့် Chanyeol ဆံပင်တွေတောင် ထောင်ချင်လာပြီ။
ဆရာသမားက ဘာတွေ လုပ်နေတာတုန်း ။
ကလေးတွေကို ကိုယ်ထင်ပြပြီး အတူဆော့နေတာလား။' Jongin ah ... မင်း ဘာလုပ်နေတာလဲ '
' ဟမ် ?? Chan... chanyeol !?? မင်း ဘယ်တုန်းက ရောက်တာလဲ ?'
' အခုပဲလေ '
' ဘာလို့လဲ ? ငါ့ကို ဘာပြောစရာရှိလို့လဲ ? '
' မင်းပဲ အားရင် လာလည်ဆို ...'
Chanyeol ကို မြင်တာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတော့သည်။
' ခ...ခဏ...အဲ့မှာ ရပ်နေ ...ငါထွက်လာခဲ့မယ် '
အနောက်ထဲရောက်လာမှာစိုးလို့ အတင်းတားမြစ်နေသူ။
တစ်ခုခုပဲ ဘာမဟုတ်တာ လုပ်နေတာလဲ ။
' ရပြီ... ဟီး ...လာလည်တာလား ...လာ...လာလေ အရှေ့က သစ်ပင်အောက်မှာ အတူ အရက်သောက်ကြမယ် '
အပြင်ထွက်ဖို့ ခြေလှမ်းနေတာကြောင့် အင်္ကျီကိုလှမ်းဆွဲထားလိုက်သည်။
YOU ARE READING
Your Guidance 🦋
Spiritual' Come back to me whenever you remember, Honey...' Chanbaek : Hunhan : Kaisoo Uni & Zawgyi