Part. 12 (U & Z)

15 4 0
                                    

Kyungsoo နန်းတော်တစ်ခုလုံးကို အပြီးသတ်ပြင်ဆင်နေခြင်းဖြစ်သည်။

မပြီးလို့လည်း မရပါ ။ အိမ်ရှင်က ပြန်ရောက်လာတော့မည်။ အိမ်ကအခုထိ ပြင်လို့ မပြီးသေးလို့ မဖြစ်ဘူးလေ။

ကျန်နေခဲ့သေးတဲ့ ပုလဲ အကာအရံထဲက Baekhyunရဲ့ပုံရိပ်ကိုကြည့်ရင်း ရုတ်တရက်သတိရသွားသလိုပါပဲ။

🌸[' ဒီမှာ ပန်းတွေအားလုံးက အဖြူရောင်ပဲ ပွင့်တာလား '

' ဟုတ်တယ် ...Kyung သဘောကျတယ်ဆိုရင်
အများကြီး ခူးပေးလိုက်မယ် ']🌸

လူ့သတ်တမ်းနဲ့ဆို ၁၅နှစ်တောင်ကြာသွားပြီ ။ ဒီနတ်ဘုံမှာတော့ Baekhyun ရဲ့အပြုံးတွေကို မမြင်ရတာ 15 ရက်ပေါ့ ။ ဘာလို့ နတ်သက်တမ်းက ပိုကြာနေရတာလဲ။ တစ်နေထွက်ပြီး ‌တစ်နေဝင်ဖို့က ခက်ခက်ခဲခဲ။

လူအချို့က ထာဝရအသက်ရှင်ဖို့မျှော်လင့်ကြတယ်။ တကယ်တော့ ထာဝရ အသက်ရှင်မယ့်နည်းလမ်းဆိုတာ ဒီလောကမှာလုံးဝမရှိဘူး။ နတ်ဘုရားတွေဆိုတာလည်း သာမန်လူသားတစ်ယောက်ထက် သက်တမ်းပိုရှည်နေရုံပါပဲ။ တစ်ဖက်ကကြည့်ရင် သက်တမ်းပိုရှည်နေတာဟာလည်း ပင်ပန်းစရာပဲ။

' Chanyeol !'

' ဟင် ?'

' Chanyeol လာကြည့်ဦး !'

' ဘာဖြစ်လို့လဲ ?'

' ပုလဲ အကာအရံက အရောင်တောက်လာပြန်ပြီ '

မကြာခဏ လင်းလက်တတ်တဲ့ ဒီပုလဲလုံးထဲမှာ Baekhyun ရဲ့အရိပ်ရှိတယ် ။ Baekhyun ရဲ့အသက်ဓာတ်က Xiao Lu Han ရဲ့ခန္ဓာကိုယ်ထဲမှာ မဟုတ်လား။ ခန္ဓာကိုယ် အားနည်းသွားတဲ့အချိန်တိုင်း ပုလဲက အရောင်တောက်လာတယ်။

' Xiao Lu Han အခု ဘယ်မှာလဲ '

' စာသင်အိမ်တော်မှာလေ '

' စာသင်အိမ်တော်ဆိုရင် Ooh မျိုးနွယ်လည်း ရှိနေမယ်ထင်တယ် Jonginကို နန်းတော်ဆီပဲ အမြန်ခေါ်လိုက်'

' အင်း '

တစ်ညလုံး ပင်ပန်းသမျှအတွက် ခွက်ကလေးထဲသို့ အရက်ငှဲ့ထည့်ကာ လက်ကကောက်ကိုင်ရုံရှိသေး ရုတ်တရက် ခေါင်းပေါ်တည့်တည့်မှ အရောင်တဝင်းဝင်းနှင့် လည်နေသော နတ်ဘုရားထောင်ချောက် စက်ကွင်း။

Your Guidance 🦋Where stories live. Discover now