မနက် နေရောင်ခြည် လင်းခါစအချိန်
ပြတင်းပေါက်လေးဖွင့်လိုက်သည်နှင့် ဆောင်းဦးရာသီ
ရဲ့ လေနုအေးများက ပါးပြင်တစ်လျှောက် တိုးဝှေ့
ကျီစယ်သွားသည်။မနက်ခင်း လက်ဆက်သည့်လေကို ခန္ဓာကိုယ်ထဲထိ ရှူသွင်းကာ အသက်ရှု လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန်
ပြုလုပ်နေလေသည်။မနေ့ကမှ ရေဝင်ထားတဲ့ အဆုတ်ကို သေချာပြန်ကောင်း
စေရန်အိမ်ပြန်ရောက်ရင်တော့ ဆေးဆရာနှင့်တွေ့ဖို့ စဉ်းစားထားသည် ။' အိမ်ကို လွမ်းတယ် '
အရင် တစ်ပတ်တည်းက စာပို့ထားနှင့်ပြီမို့ အဖေနဲ့အမေစောင့်နေမှာသေချာသည် ။ နောက်ကျလို့မဖြစ်။
' ပစ္စည်းတွေ သိမ်းလို့ပြီးပြီနော် သခင်လေး အဆင်သင့်ဖြစ်ရင် အခု စထွက်ကြမလား '
' နေပါဦး ...ဒီအတိုင်းပြန်လို့မဖြစ်ဘူးလေ ...ဆရာ့ကိုတော့ နှုတ်ဆက်သွားသင့်တာပေါ့ စိတ်လောလိုက်တာနော် '
' ဟို ...သခင်ကြီးက ဒီညနေအမှီ ပြန်ခေါ်လာဖို့မှာလိုက်ပါတယ် အဲ့ဒါ အချိန်မှီပြန်မရောက်မှာကို စိုးရိမ်မိလို့ပါ '
' မပူနဲ့ ...ဆရာ့ကို နှုတ်ဆက်ပြီးတာနဲ့ပြန်ကြမယ်
ကျွန်တော်လည်း အဖေနဲ့အမေ့ကို တွေ့ချင်နေပါပြီ '' ဟုတ်ကဲ့ပါ '
ဖခင်ဖြစ်သူ Xiao သခင်ကြီးရဲ့ လမ်းညွှန်မှုအတိုင်း
ပညာသင်ရန် အိမ်မှ ထွက်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိပြီ ဖြစ်သည်။ဆောင်းရာသီ သိပ်အေးလွန်းတဲ့ ရာသီမှာ ပညာသင်ကာလ ပြီးဆုံးကာ အိမ်ပြန်ရကြသည်။
ပညာသင်နှစ်တစ်နှစ်လျှင် အယောက် 40သာတတ်ရောက်ခွင့် ရကြပြီး တတ်ရောက်ခွင့်ရသည့် စာသင်သားများမှာလည်း လူချမ်းသာ သားသမီးများ ၊ ကုန်သည်များ ၊
မင်းဆွေမင်းမျိုး ၊ မင်းမှုထမ်း သားသမီးများ နှင့်
အထက်တန်းလွှာ မိသားစုများပင်ဖြစ်သည်။စာသင်အိမ်တော် အနောက်ဘက်တွင် မိန်းကလေး ၊
ယောက်ျားလေး ဟူ၍ အဆောင်များခွဲကာ နေကြရသည်။
လူတစ်ယောက်နေထိုင်ရန် လုံလောက်သည့် အခန်း
အကျယ်အဝန်းရှိသည်။ ပိုသဘောကျစရာကောင်းသည်က
ကိုယ်ပိုင် အိပ်ဆောင်ဖြစ်သည့်အတွက် တံခါးပိတ်ထားလျှင်
မည်သူမှ မနှောက်ယှက်နိုင်ခြင်းပင်ဖြစ်သည်။
YOU ARE READING
Your Guidance 🦋
Spiritual' Come back to me whenever you remember, Honey...' Chanbaek : Hunhan : Kaisoo Uni & Zawgyi