လဲကျနေရာက ပြန်မထလာနိုင်သေးတဲ့ Sehun ဆီ တည့်တည့် ကျရောက်လာတော့မည့် ဓားသွားတစ်ခု။
အတွေးတွေကြားထဲ နစ်မြုပ်စပြုနေပြီဖြစ်တဲ့ မင်းသားဟာ ပတ်ဝန်းကျင်ရဲ့ လှူပ်ရှားမှုများနဲ့ အန္တရာယ်ကို မမြင်နိုင်တော့ဘူး။
🌸[ ' ငါ့ကို ယုံကြည်မှုရှိရဲ့လား မသိပေမယ့် ငါကတော့ မင်းကို ယုံတယ် ']🌸
တပ်မှူးမှာ မြားဒဏ်ရာကြောင့် သွေးထွက်များနေပေမယ့် အရှင့်သားတစ်ယောက်လုံး ကိုယ့်မျက်စိရှေ့မှာ အလစ်တိုက်ခိုက်ခံရသည်ကို ဒီအတိုင်း ကြည့်မနေနိုင်တော့ပါ။
ခန္ဓာကိုယ်အတွင်း ကျန်နေသမျှ အင်အားအကုန်သုံးကာ အိမ်ရှေ့စံ ကျောပေါ်မှာ အုပ်မိုးလိုက်သည်။
လက်ဖြန်နှင့် လက်မောင်းတစ်လျှောက် ဖြတ်ရှသွားသော ဒဏ်ရာမှ သွေးများ စီးကျလာသည်။
' ဘာလို့...ဘာလို့ ကာကွယ်ပေးခဲ့တာလဲ '
' အရှင့်သား နန်းတော်ကို ပြန်ပါတော့ ...ကျေးဇူးပြုပြီး ....'
နောက်ဆုံးစကားတစ်ခွန်းနှင့်အတူ ငြိမ်သက်သွားသည့် တပ်မှူးမှာ သတိမေ့မြောသွားသည်လား သို့မဟုတ် သေဆုံးသွားပြီလား Sehun မဝေခွဲတတ်တော့ပါ။
' သေသွားပြီလား...နောက်တစ်ယောက်ပဲ ... Sehun ah.. မင်းမြင်တဲ့အတိုင်းပဲ မလား ... မင်းကြောင့် သေသွားပြန်ပြီ '
' တော်ပါတော့ '
ပြန်ထဖို့ အင်အားလည်း မရှိတော့သလိုပဲ ။
အခုချိန် HwaIn ရဲ့ ဓားအောက်မှာ သေသွားလည်း ဝမ်းမနည်းမိလောက်ဘူးထင်တယ်။
နောက်တစ်ကြိမ်တိုးဝင်လာတဲ့ ဓားဦးချွန်ကို ဒီတစ်ခါတော့ ကာကွယ်ပေးမယ့်သူ မရှိဘူး။
ညနေဆည်းဆာရဲ့ နေရောင် အောက်မှာ တလက်လက် ဝင်းနေတဲ့ ဓားသွားက ဘယ်ဘက်ရင်ဘက်ပေါ်က အရေပြား နုနု
ကို ဖြတ်သန်းကာ အတွင်းထိ နစ်ဝင်သွားတော့သည်။ရှောင်ဖို့လုံလောက်တဲ့ အချိန်ရှိတာတောင် တစ်ချက်မှ မလှုပ်ဘဲ ဓားနဲ့ အထိုးခံလိုက်တာကြောင့် HwaIn မယုံနိုင်အောင် မှင်သက်သွား၏။
YOU ARE READING
Your Guidance 🦋
Spiritual' Come back to me whenever you remember, Honey...' Chanbaek : Hunhan : Kaisoo Uni & Zawgyi