Part .2 (U & Z)

40 8 0
                                    

🌸
💜 မင်းရဲ့ အငွေ့အသက်တွေကို
ရအောင်ပြန်ရှာ‌ခဲ့ပေးမယ် ခဏလေးပဲ
စောင့်ပေးပါ Baekhyun 💜🌸

အသက်ဓာတ်မဲ့နေသော ပုံရိပ်ဖြူလေးမှာ ပိုင်ဆိုင်ထားခဲ့သောစွမ်းအင်များနှင့် မလိုက်ဖက်စွာ နုနယ်လွန်းလှသည်။

•°•°•°•°•°•°••°•°•°•°•°•°•°

Xiao အိမ်တော်အတွင်း ထူထဲသည့်အဖြူရောင် ပိုးထည်လိပ်များ ၊ငွေသားအပိုင်းအစများနှင့် စားစရာအချို့တို့ကို ထူးဆန်းစွာ တွေ့ရလေသည်။

အမှုထမ်းများလည်း အပြေးအလွှားနှင့် အလုပ်များနေကြသည်။

အိမ်တော်ရှေ့တွင် လူအများ ရုတ်ရုတ်သဲသဲနှင့် ပွဲတော်သဖွယ် တိုးကျိတ်နေကြပြန်သည်။

' လာကြ ...!!လာကြ ...!! Xiao သခင်ကြီးက အားလုံးကို အလကား ဝေပေး‌တာနော် ..'

အမှုထမ်းတို့ လက်ထဲကတစ်ဆင့် ပစ္စည်းနှင့် စားစရာများကို ဝေပေးနေခြင်းပင်။

' မရသေးတဲ့လူတွေ ရှေ့တိုးခဲ့‌ကြ...!!'

အမှူထမ်း၏ စကားကြောင့်ရှေ့ဆုံးမှ ရပြီးသား လူတစ်ချို့မှာ
ဘေးသို့ထွက်ကာ နောက်ဆုတ်သွားသည်။

ပြန်လှည့်လာသော လူနှစ်ယောက် မတော်တဆ တိုက်မိရာက
စကားဆက်ကြ၏။

'ပွဲတော်နေ့လည်း မဟုတ်ဘဲနဲ့ ... Xiao သခင်ကြီးက
ဘာလို့ ဒီလောက်သဒ္ဒါတရားကောင်းနေရတာလဲ '

' သခင်ကြီး က ပျော်စရာကိစ္စရှိလို့ပေါ့ '

' ဘာကိစ္စလဲ ခင်ဗျားသိလား '

' တစ်မြို့လုံးသိတယ်လေ ...ခင်ဗျားပဲ မသိတာလား
အိမ်တော်မှာ ဆက်ခံသူ မွေးဖွားလာပြီတဲ့ '

' ဘယ်လို ? တကယ်လား ? '

' တကယ်ပါဆို ဒီလူကတော့ ...နန်းတော်ကတောင်
Xiao သခင်လေးအတွက် ဂုဏ်ပြုလက်ဆောင်တွေ ပို့ပေးခဲ့သေးတယ်တဲ့ '

' သခင်လေး မွေးတာ သိတောင်မသိလိုက်ဘူး '

' ဒီနေ့က တစ်လပြည့်မွေးနေ့လေ '

စကားစပြတ်သွားပြီးနောက် လူနှစ်ယောက်
လမ်းခွဲသွားကြသည်။

ခဏအကြာမှာ လူအုပ်ကြီးဆီက အသံများက အိမ်တော်ထဲ အထိပြန့်နှံ့လာခဲ့တော့သည်။

Your Guidance 🦋Where stories live. Discover now