Xiaolu လျှောက်လာတဲ့ တောလမ်းတစ်လျှောက် နေရောင်အပြောက် မတွေ့ရလောက်အောင် အရိပ်အာဝါသကောင်းနေသည်။
ကောင်းကင်မှာလည်း ပြာလဲ့ကြည်လင်နေပြီး တောငှက်ကျူသံလေးများကိုလည်း ခပ်သဲ့သဲ့ ကြားရသည်။
လေထုက စတင်အေးစက်လာတာကြောင့် တဖြည်းဖြည်း တောနက်လာပြီဟု တွေးမိပေမယ့် အိမ်ရှေ့စံကတော့ ရှေ့ကိုသာ ဆက်သွားနေဆဲပင်။
သာယာတဲ့ ပတ်ဝန်းကျင်ပေမယ့် လူသူ အရောက်အပေါက်နည်းတဲ့နေရာလိုပင် ။ ဒီလိုနေရာမှာ လူသွားဖို့ လူတစ်ယောက်သွားလမ်းရှိနေသေးတာကိုလည်း အံဩမိသည်။
' အရှင့်သား ! '
ခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့သည့် Xiaolu ကို ရပ်စောင့်နေလိုက်သည်။
' အဲ့လောက်နှေးကွေးနေရင် မိုးချုပ်မှ တောင်ပေါ်ရောက်လိမ့်မယ် မြန်မြန်လာ ...!'
' ဟမ် ? ဘယ်ကို ? '
ပြန်မဖြေတော့ဘဲ ရှေ့ဆက်သွားရန်သာ ပြင်လိုက်ပေမယ့်
' အားးး ! မြွေကြီး ! ကယ်ပါဦး ...! အရှင့်သား ...ရေ...!'
လူမရှိတဲ့ တောနက်ထဲ အသံကုန် အသံပြဲ အော်ဟစ်နေသော သူကို အိမ်ရှေ့စံ မတ်တပ်သာ ရပ်ကြည့်နေလိုက်တော့သည်။
မြွေက သူ့ဟာသူ သစ်ကိုင်းပေါ်နေတာကို မော့ကြည့်ကာ ပတ်ပြေးနေတော့ ~အင်း ~ ဒီနေ့တော့ ပြန်ရောက်ပါတော့မယ် ။
' အား..! ဆင်းလာပြီ ...လာပြီ...ပြေးလေ မကြောက်ဘူးလား Ooh Sehun!'
' ဘာ ?'
' ပြေးပါဆို !'
' မင်း ငါ့ကို Ooh Sehun လို့ခေါ်လိုက်တာလား '
' အာ ? ဒီအချိန်မှာ လာပြီး ရာထူး မက်နေသေးတယ် လာလို့ !'
လက်ကို တရွတ်တိုက်ဆွဲပြီး ပြေးချင်နေသူကို Sehun တစ်ချက် ပြန်ဆောင့်ဆွဲလိုက်သည်။
' အာ့ ~!'
' တော်ပြီ ! ရပ်လိုက်တော့ ! မင်းလည် စ မနေနဲ့တော့ '
မြွေကိုလည်း ဓားအိမ်နဲ့တစ်ဖက်ရွယ်ကာ ပြောနေသူ။
အိမ်ရှေ့စံ အကြောက်လွန်ကာ ရူးများသွားပြီလား ။
YOU ARE READING
Your Guidance 🦋
Spiritual' Come back to me whenever you remember, Honey...' Chanbaek : Hunhan : Kaisoo Uni & Zawgyi