Part.6 (U & Z)

24 5 0
                                    

နှင်းစက်ကျသံ တတောက်တောက်နှင့် ကျေးငှက်တချို့
နိုးထချိန်တွင် သူလည်း မျက်လုံးများပွင့်လာခဲ့သည်။

လေးပင်နေသည့် မျက်ခွံများ‌က နောက်တစ်ကြိမ် ပြန်အိပ်ပျော်သွားဖို့ကိုသာ ဦးတည်နေသည်။

သူဘယ်ကိုရောက်နေလဲဆိုတာ သူကိုယ်တိုင်လည်းမသိ။
ဒါမဲ့ ခန္ဓာကိုယ်က နွေးထွေးမှု နူးညံ့မှုကိုတော့ ခံစားမိသည်။

မျက်လုံးကိုအားယူဖွင့်ရင်း ဘယ်ညာနှစ်ဖက်ကို ဝှေ့ကြည့်လိုက်သည့်အခါ အသုံးအဆောင်ပစ္စည်းအစုံအလင်နှင့် အခန်းကျယ် တစ်ခုအတွင်းရောက်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။

သူ့အိပ်နေသည့် ကုတင်နှင့် မဝေးသည့်နေရာတွင်
ပဝါခပ်ပါးပါးတစ်လွှာကာရံထားလေသည်။

မနေ့က မျက်နှာကို သစ်ကိုင်းနှင့်ရိုက်မိသည့်အပြင်
မြင်းပေါ်က ပြုတ်ကျပြန်သည်။ ဒါတောင် မပြီးသေး
ခြေထောက်ကို သစ်ကိုင်းအချွန်စနှင့်ထိုးမိသေးသည်။

ပြန်တွေးမိရင် တော်တော်လေးကို ပေါ့ဆတဲ့
ဖြစ်ရပ်မဟုတ်ပါလား အမြဲ ကိုယ်စီးနေကျ မြင်းက ဘယ်လိုလုပ် အရိုင်းစိတ်ဝင်သွားရတာလဲ တကယ်စဉ်းစားလို့မရဘူး ။
‌အခုလည်း သူဘယ်ကိုများရောက်နေတာလဲ

မနေ့က နောက်ဆုံးမှတ်မိတာ ဆိုလို့....
ရေကန်...! ဟုတ်တယ် ကြာပန်းတွေပွင့်နေတဲ့ ရေကန် !

နောက်ပြီး ....

' ‌ဪ...! နိုးနေပြီလား !?'

' အမ် !?'😫

ဘယ်အချိန်တည်းက အနားရောက်နေမှန်းမသိတဲ့
လူကြောင့် Sehun တစ်ချက် တုန်သွား‌ရသည်။

လန့်သွားတာပဲ ရင်တွေတောင်တုန်တယ်

' Xiao...Xiao Luhan ? '

' ဟုတ်တယ် ...ဟုတ်တယ် ... ‌ကျွန်တော်က Xiao Luhan ....ဟေး ! အပြင်မှာ တစ်ယောက်ယောက်ရှိလား '

' ဟုတ်ကဲ့...သခင်လေး '

' အဖေ့သွားခေါ်...အဲ ...မဟုတ်ဘူး ဆေးဆရာခေါ်ခဲ့....
ဟို....နှစ်ယောက်လုံး ခေါ်ခဲ့နော် '

' ဟုတ်ကဲ့ '

Sehun လက်ထောက်ကာ အားပြုရင်း ထိုင်ဖို့
ကြိုးစားလိုက်စဉ်...

Your Guidance 🦋Where stories live. Discover now