Part.7 (U & Z)

19 5 1
                                    

' Kai ငါက မင်းလို စိတ်နဲ့ခရီးမသွားနိုင်ဘူး ...ဒီတော့ Baekhyun ဆီကိုcrown ကပဲခေါ်သွားပေးနိုင်မှာ...'

' တကယ်လို့...တကယ်လို့... Baekhyun က ဆက်ခံသူ အစစ်ဆိုရင် ကျိန်းသေ ခေါ်သွားနိုင်မယ်ထင်တယ် '

' ကြိုးစားကြည့်ကြတာပေါ့ ...'

' အင်း မျက်လုံးမှိတ်ထား Soo ...'

Kyungsoo မျက်လုံးမှိတ်ကာ စိတ်နဲ့ခရီးသွားနိုင်ရန် ပြက်ဆင်လိုက်သည်။

' မင်း စိတ်ကို စုစည်းထားနော် ...ပတ်ဝန်းကျင်က အသံတွေကိုလျစ်လျှုရှုလိုက် ...'

' အင်း '

' နောက်ပြီး မင်းသွားချင်တဲ့ နေရာကို မျက်လုံးထဲမှာ ပေါ်လာအောင် ကြိုးစားကြည့် ...'

' ရပြီ '

' အာရုံထဲမှာ ပေါ်လာပြီ ဆိုရင် မင်းအဲ့ဒီကို ရောက်သွားပြီလို့ စိတ်ကယုံလိုက် ...'

' ဟုတ်ပြီ...နောက်ပြီတော့ရော...?...Kai ....Kai ...?
နောက်ပြီး ငါဘာဆက်လုပ်ရမလဲ ....? '

ပတ်ဝန်းကျင်တစ်ခုလုံး တကယ်ကို တိတ်ဆိတ်သွားပြီး Kai အသံကိုလည်း မကြားရတော့ဘူး ။ကလေးငိုသံလည်းမကြားရတော့ဘူး ။ အခုမျက်လုံးဖွင့်ကြည့်လိုက်ရင် အာရုံပျံ့လွင့်သွားမှာလား။

' Kai ? ...Ka...'

ဘယ်လိုမှ စိတ်ကို မထိန်းချုပ်နိုင်တော့လို့ မျက်လုံးဖွင့်ကြည့်မိတော့ ရွှေရောင်နန်းဆောင်မှာ မဟုတ်တော့ဘူး ။

ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်ပိတ်ကားလို ချယ်ရီအဖြူရောင်ပန်းတွေ ဖုံးလွှမ်းနေပြီ လေတိုးသံကလွဲရင် ဘာအသံမှမကြားရလောက်အောင် တိတ်ဆိတ်နေတယ်။

Soo အံဩလွန်းတာကြောင့် နှုတ်ခမ်းနှစ်လွှာက ပွင့်ဟသွားမိသည်။

' ငါ...ငါ...အနောက်တောင်ပေါ်မှာ... Baekhyun ရှိတဲ့...‌အနောက်ဘက်တောင်ကို ရောက်နေပြီပေါ့....'

စိတ်နဲ့ခရီးသွားဖို့ တစ်ခါတည်းကြိုးစားရုံနဲ့ အောင်မြင်သွားတယ်ဆိုတော့... crown က ... crown က သူ့ရဲ့သခင်ဆီ ပြန်ရောက်ပြီလို့ဆိုလိုတာပဲ ...။

Baekhyun ရေ...မင်းမမျှော်လင့်ထားတဲ့ ကံကြမ္မာက မင်းဆီလာနေပြီ ...

Your Guidance 🦋Where stories live. Discover now