' နန်းတွင်းသမားတော်မရောက်သေးဘူးတဲ့လား '
' အိမ်ရှေ့စံ အရေးတကြီး ရုတ်တရက်လှမ်းခေါ်တဲ့နေ့တည်းက အခုထိ ပြန်မရောက်သေးတာပါ မင်းကြီး '
တိုင်းပြည်တစ်ခုလုံးကို မြင်နေနိုင်တဲ့ တံတိုင်းပေါ်မှာ ရပ်နေပေမယ့် သားဖြစ်သူ ဘယ်နေရာမှာ ဘာဖြစ်နေလဲ မသိရတဲ့အဖြစ်။ ဘုရင်ဖြစ်ရတာက လွယ်တယ် အဖေဖြစ်ရတာက ခက်တာတဲ့။
' အိမ်ရှေ့စံ တစ်နေရာရာများ ထိခိုက်မိတာလား '
' စာထဲမှာ အိမ်ရှေ့စံက သူ့ကို မစိုးရိမ်ဖို့ စိတ်မပူဖို့နဲ့ ထိခိုက်မိတာ သူမဟုတ်ကြောင်းကလွဲပြီး ဘာမှ မပြောထားပါဘူး မင်းကြီး စိတ်မပူပါနဲ့ '
' သူ မထိခိုက်မိဘဲနဲ့ ဘာလို့ နန်းတွင်းသမားတော်ကို ခေါ်ထုတ်ရတာလဲ ...အိမ်ရှေ့စံကိုယ်တိုင် နန်းတွင်းသမားတော်အထိ ခေါ်ပြီးကုသစေတဲ့ သူက ဘယ်သူလဲ ဆိုတာ စုံစမ်းလိုက် '
' ဟုတ်ကဲ့ '
............................................
[_စာသင်အိမ်တော် _]
ဝရုန်းသုန်းကားလျှောက်လာတဲ့ခြေလှမ်းတွေက တံခါးကို
ဝုန်းခနဲဖွင့်ကာ သူထိုင်နေတာကို မြင်မှပဲ အလိုက်သင့် အရှိန်လျော့သွားတော့သည်။အရင်တည်းက ဖြူဖျော့နေတဲ့ ခန္ဓာကိုယ်က အခုတော့ သွေးလုံးဝမရှိတော့သလိုပါပဲ။ အငွေ့တထောင်းထောင်းနဲ့ ပူနေတဲ့ရေနွေးခွက်ကို ကိုင်ထားတဲ့လက်ချောင်းတွေ နောက်ပြီး ရေနွေးပူကို မှုတ်နေတဲ့ နှုတ်ခမ်းတွေ ။ အဖျားပျောက်ခါစ လူက ဖြူဖက်နေတယ်ဆိုတာကို လက်ခံပေမယ့် အခု ဘာလို့ ခရမ်းရောင်သန်းနေတာလဲ ။
အဆိပ်များလား ။
သမားတော်မှလွဲ၍ အနားရှိ လူများအားလုံး အပြင်ထွက်သွားကြသည်။
' အခု Xiao သခင်လေး 2 ရက်လောက်အနားယူရင် သက်သာသွားမှာပါ '
2 ရက်အတွင်းသတိရအောင် ကုဆိုတာကို 3 ရက်မြောက်တဲ့နေ့မှ သတိရတယ် ။ဘာပဲဖြစ်ဖြစ် အသက်အန္တရာယ် ကျော်လွန်သွားလို့တော်သေးတယ်။
' Xiao Lu Han '
' n~a~e ~'
ပြန်ထူးတဲ့အသံက အားမရှိတဲ့လေသံနဲ့။ 3 ရက်တောင် သတိမေ့နေမှတော့ မထူးဆန်းဘူးမလား။
YOU ARE READING
Your Guidance 🦋
Spirituale' Come back to me whenever you remember, Honey...' Chanbaek : Hunhan : Kaisoo Uni & Zawgyi