Part.9 ( U & Z )

23 4 0
                                    

' Xiao Lu Han ~'

' Xiao Lu Han ~'

နားထဲ၌ ပဲ့တင်ထပ်နေသော အသံသဲ့သဲ့ ။ ထိုအသံကို ‌နန်းတော်လာရာလမ်းတစ်လျှောက်လုံးကြားနေရသောသူ။ အခု အိပ်ပျော်နေစဥ် အချိန်ခဏလေးတောင် တစ်‌စုံတစ်ယောက်က နာမည်ကိုခေါ်ပြီး နှိုးနေ‌သည်။

မျက်ခွံကို အသာဖွင့်ကြည့်ပြီးနောက် ပို၍ အံဩသွားရသည်။

နန်းတော်ထဲမှာ ရှိနေရသည့်သူက ဘာလို့ တောထဲက ရေကန်ဘေးမှာ လာအိပ်နေရတာလဲ !?

' အူဝဲ ....အု ဝဲ ....~'

ကလေးငိုသံ ?

ဘယ်က ကလေးငိုသံလဲ ....?

Xiaolu အသံလာရာအတိုင်း ကလေးကို လိုက်ရှာမိသည်။

ဘယ်သူကများ ကလေးကို တောထဲ လာပစ်သွားတာလဲ ။

အသံက ရေကန် အနီးအနားက လာသလိုလို ဆန့်ကျင်ဘက်အရပ်မှ ကြားရနေလိုလို ။ တောတစ်ခုလုံး ရိုက်ခတ်နေပြီး ဘယ်ကို လိုက်ရှာရမှန်းမသိ ။

ရုတ်တရက်မျက်ရည်များကျဆင်းလာသည်။

စိတ်ထဲမှာ ဝမ်းနည်းလာ သလို ခံစားရသည် ။
တကယ်တမ်း လမ်းပျောက်နေသည်မှာ ထိုကလေးလား သူကိုယ်တိုင်လားမသဲကွဲတော့ပါ။

ကလေး ငိုရိုက်သံ တစ်ချက်ကြားတိုင်း သူကိုယ်တိုင် မျက်ရည်ကျနေသည်။

' Xiao Lu Han ~'

' ဘယ်သူလဲ ...!? မင်းက ဘယ်သူလဲ ...!? ဘာလို့ ငါ့နာမည်ကိုခေါ်နေတာလဲ !? '

ဘယ်ကိုဆက်သွားရမှန်းမသိပေမယ့် ရေကန်အနီးအနားမှာ နတ်နန်းရှိကြောင်းကို သိသည်။

ထိုနတ်နန်းကို ရှာတွေ့ရင် နတ်နန်းကမှတစ်ဆင့်အိမ်ပြန်လမ်းကို တွေ့နိုင်မည် မဟုတ်ပါလား။

နတ်နန်းရှိရာကို ကြိုးစား လျှောက်လာခဲ့စဉ် တဖြည်းဖြည်း ခြေထောက်များမှ အားအင်ချိနဲ့လာသည်။ ဘေးတွင် ပေါက်ရောက်နေသော သစ်ပင်ကြီးများကိုမှီတွဲ၍ ရှေ့ဆက်နေရသည်။

အနည်းငယ်ကြာပြီးနောက် ခပ်လှမ်းမှ တည်ရှိနေသည့် နတ်နန်းကို မြင်နေရပြီ ဖြစ်သည်။ နတ်နန်းနှင့်နီးလာလေ ကလေးငိုသံက ပိုပြီး ပီပြင်စွာ ကြားရလာလေ သူကိုယ်တိုင်လည်း ပိုပြီး မျက်ရည်စီးကျလာလေ။

Your Guidance 🦋Where stories live. Discover now